နန်နင်း၊ ဖေဖော်ဝါရီ ၂၂
ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မတီ၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ညီလာခံ၏ (၁၃) ကြိမ်မြောက် စတုတ္ထအကြိမ်အစည်းအဝေးနှင့် (၁၄)ကြိမ်မြောက် ပြည်သူ့ ကွန်ဂရက်၏ ပဉ္စမအကြိမ်အစည်းအဝေးများကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နှင့်(၂)ရက် တွင် ကွမ်ရှီးပြည်သူ့ခန်းမဆောင်၌ ကျင်းပခဲ့ရာ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့သည်။
၁-၂-၂၀၂၆ ရက် ညီလာခံတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မတီ ဥက္ကဋ္ဌ Mr. Sun Dawei က ၂၀၂၅ ခုနှစ်အတွင်း စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုနှင့် အောင်မြင်မှုများကို ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၆ ခုနှစ်အတွင်း ချမှတ်ထားသည့် ရည်မှန်းချက်များ၊ ဦးစားပေးလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများပါဝင်သည့် အစိုးရလုပ်ငန်း အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့သည်။
၂-၂-၂၀၂၆ ရက် ညီလာခံတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Mr. Wei Tao က ပြည်သူ့အစိုးရ၊ ပြည်သူ့ကွန်ဂရက်၊ အထက်လွှတ်တော်နှင့် ပြည်သူ့ရှေ့နေရုံးမှ အစီရင်ခံစာအမျိုးမျိုးကို ပြန်လည်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်း၊ (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်း၊ ၂၀၂၆ ခုနှစ် အမျိုးသားစီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဘတ်ဂျက်အစီအစဉ်များ၊ ရွေးကောက်ပွဲ ကျင်းပမည့် အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားများသို့ကွမ်ရှီးကျွမ့်ဒေသ CPC ကော်မတီအတွင်းရေးမှူး Mr. Chen Gang ၊ ကွမ်ရှီးဒေသပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်များ၊ အစိုးရဌာနအကြီးအကဲများ၊ နန်နင်းမြို့ အခြေစိုက်ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
#MNP #News

No comments:
Post a Comment