ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်


ဘားအံ  ၊ ဖေဖော်ဝါရီ ၁၉

ယခင်နှစ်မိုးရာသီက ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေသည် နှစ်ကြိမ်တိုင်တိုင်ထူးကဲစံချိန်တင်မြင့်တက်မှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများဖြစ်ပွားခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါကော့လှိုက်ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေ၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၁၁) ကရင်ပြည်နယ်ဦးစီးမှူးက Bored Pile အခြေပြုကျောက်စီမြေထိန်းနံရံ အလျား ပေ ၁၀၀၀၊ ၆၅ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးမှု၊ သံလွင်မြစ်ရေကြီးရေလျှံမှုလျော့ပါးရေး သောင်တူးရေယာဉ်များဖြင့်(တရုတ်လှကျွန်းနှင့်ကော့ဂွန်းကျွန်းကြား) သောင်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ တောင်သူဒေါ်အိဖြူစင်ထွန်း၏ ဥစားဘဲကောင်ရေ ၂၀၀၀ မွေးမြူရေးခြံအား ကြည့်ရှုအားပေးပြီး ဥအားဆေးနှင့်ခြံဖြန်းပိုးသတ်ဆေးများကို အခမဲ့ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဘားအံမြို့ အမှတ်(၈)ရပ်ကွက်၊ ရွှေကင်း(၅)လမ်းတွင် Well Pile အခြေပြုကျောက်စီမြေထိန်းနံရံ အလျား(၂၀၀)ပေ၊ ရွှေကင်း(၇)လမ်းတွင် Well Pile အခြေပြုကျောက်စီမြေထိန်းနံရံ အလျားပေ (၂၆၀) ၊ ရွှေကင်း(၈)လမ်းတွင် Well Pile အခြေပြုကျောက်စီမြေထိန်းနံရံ အလျား ပေ ၁၄၀ စုစုပေါင်းအလျား ပေ ၆၀၀ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရသည်။

စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)