ဖေဖော်ဝါရီ - ၁၀ ( အင်္ဂါနေ့ )
နမီးဘီးယားအစိုးရက ပြင်သစ်ရေနံကုမ္ပဏီကြီး တိုတယ် နဲ့ ဘရာဇီးနိုင်ငံရေနံတူးဖော်ရေး ကုမ္ပဏီ ပက်ထရိုဘရာစ်တို့ ကြားမှာရှိတဲ့ လက်ပြောင်းလက်လွဲ ကိစ္စပတ်သက်ပြီး ဆန့်ကျင်ကြောင်း နဲ့ ကမ်းလွန်ရေနံ သဘောတူညီချက်ကို ကုမ္ပဏီများအနေနဲ့ အရောင်းအ၀ယ်မကြေငြာမီ အစိုးရရဲ့ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
တိုတယ်ကုမ္ပဏီက အိတ်ကမ်းလွန်ရေနံရှာဖွေရေးရင်နှီးမြုပ်နှံမှု ကုမ္ပဏီနဲ့ မာရာဗီလာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီ တို့ကို PEL104 စူးစမ်းရှာဖွေရေး လိုင်စင်အတွက် ၄၂.၅% ရှယ်ယာအကျိုးအမြတ် ရရှိမှာဖြစ်လို့ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သောကြာနေ့တွင် ကြေညာခဲ့ပါတယ်။
ပက်ထရိုဘရာစ် က အစုရှယ်ယာ ၄၂.၅ ရာခိုင်နှုန်း၊ အိတ် က ၅ ရာခိုင်နှုန်းနဲ့ နမီးဘီးယားနိုင်ငံပိုင် နမ်ကော က ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ကိုင်ထားမယ်လို့ ပြင်သစ်ကုမ္ပဏီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နမီးဘီးယား စွမ်းအင်ဝန်ကြီးဌာနက "အဲ့လိုလက်ပြောင်းလက်လွဲလုပ်တဲ့ ကိစ္စတွေ အစိုးရကို အသိမပေးဘဲ လုပ်နေတာပါ” လို့ တနင်္ဂနွေနေ့က တုံ့ပြန်ခဲ့ပါတယ်။ "နမီးဘီးယားရှိ ရေနံလိုင်စင်များတွင် ပါ၀င်ဆောင်ရွက် နေတဲ့ အကျိုးစီးပွားများကို ဥပဒေနှင့်အညီ လွှဲပြောင်းခြင်း၊ တာဝန်ပေးအပ်ခြင်း သို့မဟုတ် ရယူခြင်းတို့သည် ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက် ရယူရမှာပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
တိုတယ်ကုမ္ပဏီဘက်ကတော့ လက်ပြောင်းလက်လွဲကိစ္စက နမီးဘီးယား အာဏာပိုင်များထံမှ ခွင့်ပြုချက်ရရန် ကျန်ရှိနေသေးပေမဲ့ "လုပ်ငန်းလည်ပတ်နေတဲ့ နိုင်ငံများရှိ ဥပဒေများနှင့် လုပ်ငန်းစဉ်များကို အမြဲတမ်း လေးစားလိုက်နာပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
နမီးဘီးယားသည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တွင် အော်ရိန်းမြစ်ဝှမ်းတွင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ စမ်သက်တူးဖော် တွေ့ရှိပြီးနောက် ကမ္ဘာ့အနီးကပ်စောင့်ကြည့်မှု အရှိဆုံး ရေနံနှင့်သဘာဝဓာတ်ငွေ့ သိုက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ၎င်းရဲ့ပထမဆုံးရေနံထုတ်လုပ်မှုကို စတင်ရန် ကြိုးပမ်းနေသောကြောင့် အဆိုပါကဏ္ဍကို အစိုးရက ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။
တိုတယ်ကုမ္ပဏီက နမီးဘီးယားတွင် ၁၉၆၄ ခုနှစ်ကတည်းက ရှိနေခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဗီးနပ်ရေနံမြေ ရှာဖွေတွေ့ရှိမှု နဲ့ ဆက်စပ်လုပ်ကွက်များ အပါအဝင် အော်ရိန်းမြစ်ဝှမ်းရှိ ကမ်းလွန် ရှာဖွေရေး လိုင်စင်အများအပြားရဲ့ အကျိုးစီးပွားရရှိထားပါတယ်။
REF: RT
#MNP #News


No comments:
Post a Comment