လပွတ္တာ၊ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ အမှတ်(၅)ရပ်ကွက် စိန်ရတုလမ်း နေသူရိန်အားကစားကွင်းရှေ့၌ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက်(၅)ရပ်ပါမြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေးအသင်းဝင်များ တက်ရောက်ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးလွင်ကိုဦးကအဖွင့်အမှာစကားနှင့် အမျိုးသားရေး ဦးတည်ချက် (၅) ရပ်အား ရှင်းလင်းပြောကြားခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားရေး ဦးတည်ချက်(၅)ရပ်ပါ မြေစိုက်ပိုစတာအား အမွေးနံ့သာရည်များ ပက်ဖြန်းခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဟိန်းထက်လင်း
#MNP #News

No comments:
Post a Comment