အီရန်ကလည်း အီးယူစစ်တပ်တွေကို အကြမ်းဖက်အုပ်စုစာရင်းထဲကို ပြန်ထည့်သွင်းလိုက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ကလည်း အီးယူစစ်တပ်တွေကို အကြမ်းဖက်အုပ်စုစာရင်းထဲကို ပြန်ထည့်သွင်းလိုက်ပြီ


ဖေဖော်ဝါရီ - ၂ ( တနင်္လာနေ့ ) 

ဥရောပသမဂ္ဂ ( အီးယူ) က အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) အား အမည်ပျက်စာရင်း သွင်းရန် မကြာသေးမီက ဆုံးဖြတ်ချက်ချ ခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ ကို အီရန်ပါလီမန်သည် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ လက်နက်ကိုင်တပ်ဖွဲ့များကို 'အကြမ်းဖက်အဖွဲ့များ' အဖြစ် သတ်မှတ်လိုက်ပါတယ်။ 

အီရန်လွှတ်တော်ဥက္ကဋ္ဌ ကာလီဘာဖ် က IRGC ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းလိုက်ခြင်းက အီယူနိုင်ငံတွေ အနေနဲ့ သူတို့က အရှေ့အလယ်ပိုင်းမှာ ဩဇာရှိနေကြောင်းကို အမေရိကန်ကိုပြသလိုခြင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်က ဂရင်လန်းကျွန်းကို ရယူဖို့ကြိုးစားနေချိန်မှာ အီးယူအဖွဲ့ဝင်နိုင်ငံတွေ ကြားမှာ စည်းလုံးမှုရှိတယ် ဆိုတာကို ပြသလိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီး အရက်ဂဟာချီ က အီးယူသည် ဒေသတွင်းရှိ စစ်ပွဲအားလုံးရဲ့ မီးတောက်တွေကို " လှုံ့ဆော်ပေးနေတယ်” လို့ စွပ်စွဲခဲ့ပါတယ်။ IRGC ကို အမည်ပျက်စာရင်းသွင်းရန် အီးယူရဲ့ ဆုံးဖြတ်ချက်က “နောက်ထပ် မဟာဗျူဟာအမှား” နှင့် “စတန့်ထွင်နေတာ” လို့ ပြောပါတယ်။ 

အီးယူက အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်အဖြစ် လူ ၁၅ ဦးနှင့် လုပ်ငန်းခြောက်ခုကို ပစ်မှတ်ထားကာ ပိုင်ဆိုင်မှု ရပ်ဆိုင်းခြင်းနှင့် ခရီးသွားလာမှု ပိတ်ပင်ခြင်းတို့ကို လုပ်ခဲ့ပါတယ်။  IRGC ကို အမေရိကန်၊ အစ္စရေး၊ ကနေဒါ၊ သြစတြေးလျ၊ ဆော်ဒီအာရေဗျနှင့် ဘာရိန်းတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)