ဖေဖော်ဝါရီ - ၂ ( တနင်္လာနေ့ )
အီရန်နိုင်ငံရဲ့ နျူကလီးယား နဲ့ ဒုံးကျည်အစီအစဉ်များနှင့် ပတ်သက်ပြီး တင်းမာမှုများ ပြင်းထန်လာကာ အရှေ့အလယ်ပိုင်းဒေသတွင်း၌ အမေရိကန်ကစစ်အင်အား တိုးမြင့်ချထားချိန်မှာ အစ္စရေးစစ်တပ်( IDF) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အီရာယ်ဇာမိယာ ဦးဆောင်တဲ့ အစ္စရေး စစ်ဘက်ဆိုင်ရာ အကြီးတန်း ကိုယ်စားလှယ်အဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေမှာ ဝါရှင်တန်သို့ လျှို့ဝှက်သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးနှင့် အမေရိကန် မီဒီယာများရဲ့ ဖော်ပြချက်အရ ဇာမီယာသည် ပင်တဂွန်ရှိ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်း အပါအဝင် အခြား အမေရိကန် ကာကွယ်ရေး အကြီးတန်း အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး အကဲဆတ်သော ထောက်လှမ်းရေးဆိုင်ရာကိစ္စတွေကို တင်ပြခဲ့ပြီး အီရန်နှင့် ဆန့်ကျင်ဘက် စစ်ရေးရွေးချယ်မှုများကို ဆွေးနွေးကာ ထရမ့်အစိုးရနှင့် တီဟီရန်ကြားတွင် သံတမန်ဆက်ဆံရေး ပုံဖော်ရန် ကြိုးပမ်းခဲ့ကြပါတယ်။
အဲ့ဒိတွေ့ဆုံပွဲကို လူသိရှင်ကြားထုတ်ဖောင်ခြင်း မရှိခဲပါဘူး၊ ဆွေးနွေးပွဲမှာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ပျက်ပြားစေရန်ရည်ရွယ်တဲ့ စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်းမပြုလုပ်စေဘဲ သံတမန်နည်းလမ်းနဲ့ ဆွေးနွေးဖို့အတွက် ဦးတည်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို တိုက်ခိုက်လာခဲ့ရင် အီရန်က လက်တုံ့ပြန်တဲ့ကိစ္စက အစ္စရေး အပေါ်ကို တိုက်ရိုက်ကျရောက်လာမှာ ဖြစ်လို့ စိုးရိမ်စရာ ရှိနေလို့ပါပဲ။
အစ္စရေးကာကွယ်ရေးဝန်ကြီး ဇာမီယာနဲ့ တွေ့ဆုံပြီး အီရန်ဘက်က တိုက်စစ်ဆင်လာရင် အစ္စရေးရဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးဆိုင်ရာ အဆင်သင့်ဖြစ်နိုင်ချေကို ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်ဘက်ကတော့ အရှေ့အလယ်ပိုင်းမှာ ၎င်းရဲ့ ရေတပ်တွေအတွက် လေကြောင်းရန်ကာကွယ်ရေး ထားရှိမှုကို တိုးမြှင့်ထားပါတယ်။ လေယာဉ်တင်သင်္ဘော အေဘရာဟင်လင်ကွန်း နဲ့ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောတွေကြောင့် အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ရှိနေပါတယ်။ ဒါပေမဲ့ အစ္စရေးအတွက်ကတော့ မသေချာသေးပါဘူး။
နှစ်နိုင်ငံလုံးက အကြီးတန်းအရာရှိတွေကတောင် ထရမ့်အနေနဲ့ စစ်ရေးအရ အရေးယူရန် ရွေးချယ်မှာလား ဆိုတာကို မသေချာကြောင်း ဆိုထားပါတယ်။ လူသိရှင်ကြားပြောထားတာကတော့ ထရမ့်က သံတမန်နည်းအရ ဖြေရှင်းချက်ကို နှစ်သက်ကြောင်း ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပင် အချိန်ကုန်တယ်လို့ တီဟီရန်အား သတိပေးခဲ့ပြီး အနာဂတ်မှာလုပ်မယ့် ဘယ်တိုက်ခိုက်မှုမဆိုက ပြီးခဲ့တဲ့ နွေရာသီက အမေရိကန်-အစ္စရေး တိုက်ခိုက်မှုထက် ပိုမိုပြင်းထန်မည်ဟု သတိပေးခဲ့ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment