ပေါင်၊ ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ ( ၇၉ )နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ကဒါရပ်ကွက်၊ကမ္ဘာအေးစေတီဘုရား၌ ယနေ့နံနက်(၇)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ (၇၉)နှစ်မြောက် မွန်အမျိုးသားနေ့အလံလွှ့င်ထူပြီးတာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ မွန်အမျိုးသား နိုင်ကျော်သန်းက မွန်အမျိုးသားတို့သည် စည်းလုံးညီညွှတ်မှုရှိခြင်း၊ ဇာတိသွေး၊ဇာတိမာန်ရှိသောလူမျိုးဖြစ်ခြင်း၊ မွန်အမျိုးသားနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပနိုင်အောင် ကူညီဆောင်ရွက်ပေးကြသည့်အတွက် ဂုဏ်ယူပါကြောင်း အမှာစကားပြောကြားသည်။
ထိုနောက် ကဒါရပ်ကွက်(၇၉)နှစ်မြောက်မွန်အမျိုးသားနေ့အထိမ်းအမှတ်ကျင်းပနိုင်ရေးကော်မတီဥက္ကဌနိုင်ညီလေးက မွန်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးအတွက်ကြိုးပမ်းရင်း တိုင်းရင်းသားညီအစ်ကိုများနှင့်လည်းစည်းလုံးညီညွတ်ရေးအတွက်ကြိုးစားဆောင်ရွက်သွားရန်
စာပေဆပ်ကော်မတီမွန်လူငယ်ဖြစ်သော နိုင်အောင်မျိုးလင်းက မွန်အမျိုးသားများ စာပေနှင့်ယဥ်ကျေးမှုများ ဆိုင်ရာမ ပပျောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊မွန်လူငယ်နိုင်ညီညီမင်းသော်ကလည်းမွန်ရာဇဝင်အကြောင်းရှင်းလင်းပြောကြားခြင်းနှင့် မွန်အမျိုးသားနေ့နှင့်ပတ်သက်သည့်မြေစိုက်ပိုစတာများ စိုက်ထူးရခြင်း၏ရည်ရွယ်ချက်များအားချပြရှင်းလင်းခဲ့သည်။
နေ့လယ်ပိုင်းတွင် သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့်လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများပြုလုပ်ခြင်း၊ညနေပိုင်း၌ ပုံပြင်၊ကဗျာရွတ်ပြိုင်ပွဲများတွင်ဆုရရှိသူများအားဆုချီးမြှင့်ခြင်းအပြင် မွန်အကပဒေသာများဖြင့်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
(၇၉)နှစ်မြောက် မွန်အမျိုးသားနေ့ကျင်းပခြင်းဖြင့် မွန်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ထုတ်နိုင်ပြီး မွန်လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်မပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ကာ မွန်အမျိုးသားနေ့အား အစဉ်အဆက် လက်ဆင့်ကမ်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မွန်မလေး
#MNP #News





No comments:
Post a Comment