လွိုင်လင် ၊ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ သမိုင်းဝင်မွေတော်ဖီပြဘုရားစေတီတွင် တင်လှူပူဇော်မည့် ထီးတော်၊ စိန်ဖူးတော်၊ ဌက်မြတ်နားတော်များ ပင့်ဆောင်ပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက မိုင်းပွန်မြို့မှ လွိုင်လင်မြို့သို့ ပင့်ဆောင်လာကြောင်း သိရသည်။
အဆိုပါစေတီတော်သည် ရှေးဟောင်းသမိုင်းဝင်စေတီတော်ဖြစ်၍ ယခုအခါ၌ စေတီတော်ကြီးအား ဘက်စုံပြုပြင်ခြင်းလုပ်ငန်းများကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ လွိုင်လင်တပ်နယ်မှူးနှင့်ဇနီး၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဇနီး၊ ရန်ကုန်မြို့မှ မတည်အလှူရှင်မိသားစုနှင့် ရပ်နီးရပ်ဝေးမှအလှူရှင်များစုပေါင်း လှူဒါန်းမှုများဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည်။ စေတီတော်ထီးတော်သစ်တင်လှူပွဲကို မတ်လ(၂)ရက် တပေါင်းလပြည့်နေ့နံနက်ပိုင်းတွင် တင်လှူပူဇော်ပြီးနောက် ညနေပိုင်းတွင် ပင့်သံဃာ ၃၆၅ ပါးတို့အား စေတီတော်ရင်ပြင်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပသွားမည်ဖြစ်သည်။
ရွှေထီးတော်၊ စိန်ဖူးတော်၊ ဌက်မြတ်နားတော်များ ပင့်ဆောင်ရာတွင် စေတီတော်ဂေါပကအဖွဲ့များ ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ကြိုဆိုကြကြောင်း သိရသည်။
လွိုင်လင်မိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment