ဖေဖော်ဝါရီ - ၈ ( တနင်္ဂနွေနေ့)
ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ရန် တိုကျိုနှင့် မော်စကိုတို့အကြား ယနေ့အချိန်အထိ ငြိမ်းချမ်းရေးစာချုပ် မရှိခြင်းသည် “တကယ်ကို တုန်လှုပ်ပြီး ဝမ်းနည်းဖွယ်ကောင်းတယ်”လို့ ဂျပန်ဝန်ကြီးချုပ် ဆာနေး ကာကိုင်ချီ က ရုရှားနှင့် နယ်မြေပြဿနာများ ဖြေရှင်းရန် ရည်ရွယ်ချက်ကို ရည်ညွှန်းပြီး ပြောသွားပါတယ်။
ဂျပန်နှင့် ရုရှားတို့သည် ဒုတိယကမ္ဘာစစ်အပြီးတွင် ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးခဲ့ကြတဲ့အတွက်ကြောင့် ကူရေးလ် ကျွန်းစုရဲ့ တောင်ဘက်စွန်းရှိ ကျွန်းလေးကျွန်းနဲ့ ပတ်သက်တဲ့ နယ်မြေအငြင်းပွားမှုတွင် ဆယ်စုနှစ်များစွာ ပိတ်မိနေပါတယ်။
ကျွန်းများကို ၁၉၄၅ ခုနှစ်က ဆိုဗီယက်ယူနီယံထဲတွင် ပေါင်းစည်းခဲ့ပြီး ရုရှားတို့က ၎င်းတို့အား ၎င်း၏ ပိုင်နက် နယ်မြေတစ်ခုအဖြစ် မှတ်ယူထားကာ တိုကျိုကတော့ ၎င်းကို "မြောက်ပိုင်းနယ်မြေများလို့ ခေါ်ဝေါ်ခြင်း" ကို ဆက်လက်တောင်းဆိုခဲ့ပါတယ်။
တာကိုင်ချီ က ကူရေးလ်ကျွန်းစု အငြင်းပွားမှုအပေါ် တိုကျို၏ ရပ်တည်ချက်ကို သတိပြုမိစေရန် ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော မြောက်ပိုင်းနယ်မြေနေ့ အထိမ်းအမှတ် လူထုစည်းဝေးပွဲ၌ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ် ။
“ဂျပန်နဲ့ရုရှားတို့ကြား ငြိမ်းချမ်းရေးစာချုပ်မပြီးပြတ်သေးဘဲ စစ်ပွဲပြီးသွားတာ နှစ်ပေါင်း ၈၀ ကြာသွားပေမယ့် မြောက်ပိုင်းနယ်မြေပြဿနာကို မဖြေရှင်းနိုင်ခဲ့တာဟာ တကယ့်ကို တုန်လှုပ်စရာကောင်းပြီး ဝမ်းနည်းစရာပါပဲ”လို့ပြောပါတယ်။ ဂျပန်-ရုရှား ဆက်ဆံရေးတွင် ထိပ်တန်းဦးစားပေးများထဲမှ တစ်ခုအဖြစ် ကျွန်းများရှိ ဂျပန်လူမျိုးဟောင်းများနှင့် ၎င်းတို့၏ ဆွေမျိုးများထံ သွားရောက်လည်ပတ်မှု အဆင်ပြေစေရန် အစီအစဉ် ပြန်လည်စတင်ခြင်းအား ဝန်ကြီးချုပ်က ရှုမြင်ကြောင်း ပြောကြားခဲ့ပါတယ်။
တိုကျိုနှင့် မော်စကိုကြား ရှုပ်ထွေးနေပြီဖြစ်သော ဆက်ဆံရေးမှာ ဂျပန်သည် အနောက်နိုင်ငံများနှင့် လိုက်လျောညီထွေဖြစ်ပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်သည့်အခါ ယူကရိန်းပဋိပက္ခကြောင့် ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ဂျပန်၏ “ရှင်းရှင်းလင်းလင်း ဖော်ရွေမှုမရှိသော ရပ်တည်ချက်” ကို တုံ့ပြန်သည့်အနေဖြင့် ရုရှားသည် ၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့ပြီး အငြင်းပွားကျွန်းစုများသို့ ဂျပန်များလာရောက်လည်ပတ်ဖို့ရန်အတွက် ဗီဇာကင်းလွတ် ခရီးသွားခြင်းကို ဖျက်သိမ်းခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment