မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပ






မြဝတီ၊ ဖေဖော်ဝါရီ ၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း Online လိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ၌ အမှတ်(၄)ရပ်ကွက်၊ မြန်မာ-ထိုင်း အမှတ်.(၂)ချစ်ကြည်ရေးတံတားလမ်းရှိ မြို့တော်ခန်းမတွင် online လိမ်လည်မှု ပပျောက်စေရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးစိန်သောင်းက လတ်တလောဖြစ်ပွားနေသည့် online လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှု၊ ဖြားယောင်သွေးဆောင်မှုစသည့် ဒုစရိုက်လုပ်ငန်းများအမျိုးအစားများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုတိယရဲမှူး သက်ဇော်ထွန်းက online မှတစ်ဆင့် လူကုန်ကူးမှု၊ လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှုနှင့်သွေးဆောင်မှုဖြစ်စဥ်များနှင့်သတိပြုဆင်ခြင်ရမည့်အချက်များကိုလည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်က ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် onlineနှင့်စပ်လျဥ်း၍ မသင်္ကာဖွယ်ရာ ထူးခြားမှုလက္ခဏာ တစ်စုံတစ်ရာ တွေ့ရှိပါက သတင်းပို့တိုင်ကြားရမည့် နည်းလမ်းများနှင့်ဧည့်သည်များ တည်းခိုရန်ရောက်ရှိပါက စစ်ဆေးရမည့်အချက်များ၊ သတိပြုလိုက်နာရမည့် အချက်များကိုလည်းကောင်း၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမူး ဦးဝင်းသီဟက မြဝတီမြို့နယ်အတွင်း online လိမ်လည် ရောင်းဝယ်မှုကိုဟန့်တားနိုင်စေရေးအတွက် အွန်လိုင်းရောင်းဝယ်မှု မှန်သမျှ  မှတ်ပုံတင်ရန် လိုအပ်သည့်အချက်များ၊ ဥပဒေနှင့် မလွတ်ကင်းသည့် အွန်လိုင်းလိမ်လည်မှုအပေါ်အရေး ယူဆောင်ရွက်လျက်ရှိသည့် ဖြစ်စဥ်များကိုလည်းကောင်း အသီးသီးဟော ပြောခဲ့ကြသည်။

ဆက်လက်ပြီးဟောပြောပွဲ တက်ရောက်လာကြသည့် ပြည်သူများကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့  ဒုတိယရဲမှူး သက်ဇော်ထွန်းက online လိမ်လည်မှုလုပ်ငန်းပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဆောင်းနှင်းဖြူ 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)