ဖေဖော်ဝါရီ - ၁၈ ( ဗုဒ္ဓဟူးနေ့ )
ဆိုင်ကလုန်းမုန်တိုင်း ဂီဇာနီ က အာဖရိကတိုက်အရှေ့ပိုင်း အိန္ဒိယသမုဒ္ဒရာအတွင်းက မာဒဂတ်စ်ကာ ကျွန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အတွက်ကြောင့် အနည်းဆုံး လူ ၅၉ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၆၀၀၀ ကျော်တို့ ၎င်းတို့ရဲ့ နေအိမ်များမှ စွန့်ခွာခဲ့ရကြောင်း အမျိုးသားဘေးအန္တရာယ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံး (BNGRC) က တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
လူ ၁၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၈၀၄ ဦး ဒဏ်ရာရရှိကာ မုန်တိုင်းကြောင့် လူပေါင်း ၄၂၄,၀၀၀ ခန့် ထိခိုက်ခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းရဲ့ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုကို တုံ့ပြန်တဲ့အနေဖြင့် မဒါဂတ်စကာအစိုးရသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် နိုင်ငံတွင်း သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာခဲ့ပါတယ်။
BNGRC မှ ထုတ်ပြန်သော ယာယီပျက်စီးဆုံးရှုံးမှု အကဲဖြတ်ချက်တွင် ဒေသငါးခုရှိ ၂၅ ခရိုင်အား မုန်တိုင်း ဂီဇာနီ ရဲ့ သက်ရောက်မှုရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဆေးရုံနှင့် စာသင်ကျောင်းများ အပါအဝင် အချို့နေရာများတွင် အခြေခံအဆောက်အဦများ ဆိုးရွားစွာ ဆုံးရှုံးခဲ့ရပြီး နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
ဆိုင်ကလုန်း ဂီဇာနီ သည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံကို ဝင်ရောက်တိုက်ခတ်ချိန်တွင် ပြင်းထန်သော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၈၅ ကီလိုမီတာမှ ၂၇၀ ကီလိုမီတာခန့်အထိ တိုက်ခတ်ခဲ့ပြီး ခရိုင်အများအပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ခရိုင်အချို့တွင် လမ်းများ သွားလာမှု လုံးဝမရှိလောက်အောင်ဖြစ်သွားခဲ့ပါတယ်။
မုန်တိုင်းသည် မိုဇမ်ဘစ်ရေလက်ကြားသို့ ရွေ့လျားသွားပြီး မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းကို သက်ရောက်မှုရှိနိုင်ပြီး “မဒါဂတ်စကာ၏ အနောက်တောင်ဘက် ကမ်းရိုးတန်းသို့ ပြန်ကွေ့သွားနိုင်ကြောင်း” ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) က သောကြာနေ့တွင် မှတ်ချက်ပြုခဲ့ပါတယ်။
ဂီဇာနီမုန်တိုင်း မတိုက်မီ ရက်ပိုင်းအလိုတွင် ဇန်နဝါရီ ၃၁ ရက်က အပူပိုင်းဆိုင်ကလုန်း ဖိုင်တီယာ သည် မာဒဂတ်စ်ကာ ကို ဝင်ရောက်ခဲ့ပါတယ်။ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့တာကြောင့် မာဒဂတ်စကာ အနောက်မြောက်ပိုင်းတွင် နေရာအနှံ့ ရေကြီးခဲ့တယ်လို့ OCHA မှ သတင်းထုတ်ပြန်ခဲ့သည်။
REF: RT
#MNP #News




No comments:
Post a Comment