ညောင်တုန်း ၊ ဖေဖော်ဝါရီ ၁၈
၁၃၈၇-ခုနှစ်၊ တပေါင်းလဆန်း (၁) ရက်၊ ယခုလ (၁၆) ရက်၊ တနင်္လာနေ့၊ နံနက်(၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမ ဈေးကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သက်တော် (၁၀၄) နှစ်၊ သိက္ခာတော်(၈၄)ဝါရှိ၊ သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တဩသဓာဘိဝံသ မဟာထေရ်၏ ဥတုဇရုပ်ကလာပ်တော်အား ယခုလ (၂၂) ရက်နေ့တွင် အန္တိမအဂ္ဂိစျာပန သာဓုကီဠနပူဇာသဘင် စီစဉ်ကျင်းပနိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သက်တော်ရှည်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုခဲ့ပြီးနောက် အန္တိမအဂ္ဂိစျာပန စီစဉ်ကျင်းပနိုင်ရန်အတွက် အလှူငွေများပေးအပ် လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ရာ ဆရာတော်ကြီးများဦးဆောင်၍ “ သဗ္ဗေ သင်္ခါရာ အနိစ္စာတိ” အစချီသော သုံးဂါထာတော်ကိုရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ညောင်တုန်းမြို့၊ ဝေဠုဝန်ကျောင်းတိုက်ဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက အလှူငွေများလှူဒါန်းခဲ့ပြီး ညောင်တုန်းမြို့၊ တောင်ညိုကျောင်းတိုက်ဆရာတော်ထံမှ သံဝေဂကထာနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားကို “ အနိစ္စာဝတ သင်္ခါရာ” သုံးဂါထာတော်ကိုရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ပြီး ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဩသဓာဘိဝံသ မဟာထေရ်၏ အန္တိမအဂ္ဂိစျာပန စီစဉ်ကျင်းပနိုင်ရန်နှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ အမျိုးသားသဘာဝဘေး အန္တရာယ် ရန်ပုံငွေဖြင့်ဆောင်ရွက်သော ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Bored
Pileအအခြေုပြု ကျောက်စီတမံအလျား (၈၅၀) ပေ ဆောင်ရွက်နေမှုအခြေအနေ၊ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သော အလျား (၅၀) ပေတည်ဆောက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများကို လာမည့်မိုးရာသီမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာ၊ ရတနာသိပ္ပံ ကျောင်းတိုက်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးကိစ္စရပ်များအား ဆွေးနွေးပြောကြားပြီးနောက် ရတနာသိပ္ပံကျောင်းကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြစ်ကမ်းထိန်းလုပ်ငန်းများအား တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment