အောင်လံမြို့၌ Grade-12 ကျောင်းသား၊ ကျောင်းသူများအတွက် အောင်ချက်မြင့်မားရေး Online သင်တန်းဖွင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့၌ Grade-12 ကျောင်းသား၊ ကျောင်းသူများအတွက် အောင်ချက်မြင့်မားရေး Online သင်တန်းဖွင့်ပွဲ ကျင်းပ




အောင်လံ  ၊ ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် Grade (စနစ်သစ်) ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားစေရန် ရည်ရွယ်၍ Online အောင်ချက်မြင့်မားရေးဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ အဖွဲ့ဝင်(၁) ဒုဗိုလ်မှူးကြီး မျိုးကျော်အောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး(ယာယီ) ဒုရဲမှူးကြီး ဝင်းလှိုင်၊ ခရိုင်ပညာရေးမှူး ဦးစံရွှေမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြီးကြပ်ခဲ့ကြပြီး၊ အောင်လံမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၈၉၆) ဦးနှင့် ဆရာ/ဆရာမ (၂၆) ဦး၊ စုစု ပေါင်း (၉၂၂) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုရာတွင် အထောက်အကူဖြစ်စေပြီး၊ Online သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ (၃) ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)