တာလေ ၊ ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မိုင်းလင်းအနောက်ကျေးရွာအုပ်စု၊ နားဟိုင်းလုံဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန့်ပြည့်ဝေဇင်က မြန်မာနိုင်ငံတွင်မီးလောင်မှု(Fire Hotspot) ဖြစ်ပေါ်မှုများ၊ “စုပေါင်းကာကွယ် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်” အကြောင်းအရာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ မီးမရှို့ဘဲ ရေရှည်တည်တံ့သည့် တောင်ယာလှေခါးထစ်စိုက်ပျိုးရေးနှင့် မွေးမြူးရေးလုပ်ငန်းများတွင် စနစ်တကျပြန်လည် အသုံးပြုရေး အကြောင်းအရာများကိုလည်းကောင်း၊ တာလေမြို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြေယာပိုင်ဆိုင်မှုလုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောမီးလောင်ကျွမ်းမှုအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။ထို့နောက် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ဗမာ၊ လားဟူ ဘာသာများဖြင့် ထုတ်ဝေထားသော မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် (၇၃)စောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment