ဟိုပုံး ၊ ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနိုင်က ဒေသခံပြည်သူများအား အသိပညာပေးဟောပြောရာတွင် သဘာဝဘေးအန္တရာယ်နှင့် ပေါ့ဆမီးများကြောင့် ဆုံးရှုံးမှုများမဖြစ်စေရန်နှင့် ပျက်စီးမှုများမှ အမြန်ဆုံးတားဆီးကာကွယ်ပေးနိုင်ရန်အတွက် ဟောပြောခြင်းရခြင်းဖြစ်ပါကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် သိသင့်သိထိုက်သည့်အကြောင်းအရာများနှင့် နည်းလမ်းများ၊ အမြန်ဆုံးတားဆီးကာကွယ်နိုင်စေရေးအတွက် အသုံးပြုလျက်ရှိသည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူးများ ကောင်း/မကောင်း စစ်ဆေးနည်းနှင့် အသုံးပြုနည်းများအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ
https://t.me/MyanmarNationalPost
No comments:
Post a Comment