အထက်မင်းလှ ၊ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်များ အားဖြည့်ပြင်ဆင်နိုင်ရန် ဝါး၊ ထရံ၊ သက္ကယ်၊ မျောတိုင်များနှင့် လိုအပ်သည့် ဆက်စပ်ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၃)တောင်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများပါဝင်သောအဖွဲ့သည် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် တောင်ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အိုနေအိမ်များ၊ အမျိုးသမီးဦးဆောင်သည့်နေအိမ်များ၊ အမိုးအကာအားနည်းသော လူနေအိမ်စုစုပေါင်း (၅၃)လုံးအား လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်များ အားဖြည့်ပြင်ဆင်နိုင်ရန် ဝါး၊ ထရံ၊ သက္ကယ်နှင့် လိုအပ်သည့် ဆက်စပ်ပစ္စည်းများ ထောက်ပံပေးအပ်ခြင်းအပြင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ထပ်မံပြင်ဆင်ရန်လိုအပ်သည့် အိုးအိမ်များအတွက် မျောတိုင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမြတ် (အထက်မင်းလှ)
https://t.me/MyanmarNationalPost
No comments:
Post a Comment