ဖေဖော်ဝါရီ - ၁၇ (အင်္ဂါနေ့ )
ဗီယက်နမ်အာဏာပိုင်များက လေဆိပ်သို့ရောက်ရှိနေတဲ့ ခရီးသွားအများအပြားကို အခွန်ပြဿနာများရှိပါက နိုင်ငံတွင်းမှ ထွက်ခွာခြင်းမပြုရန် ယာယီတားမြစ်နိုင်တဲ့ အမိန့်ထုတ်ပြန်ထားတယ်ဆိုတာကို သိရှိဖို့ သတိပေးထားပါတယ်။
ကိုဗစ်ကာလလွန် နိုင်ငံရပ်ခြား ခရီးသွားလာမှု ပြန်လည်မြင့်တက်လာပြီးနောက် ခရီးသွားလုပ်ငန်း၊ စီးပွားရေး၊ သို့မဟုတ် ပညာရေးအစီအစဉ်အတွက် ပြည်ပသို့ ထွက်ခွာလာသူ ပိုများလာသည်နှင့်အမျှ အခွန်ဆိုင်ရာ ကန့်သတ်ချက်များကို အစိုးရက အသစ်တဖန် အာရုံစိုက်လာပါတယ်။ အချို့ကိစ္စများတွင် ခရီးသွားများသည် ၎င်းတို့ရဲ့ လေယာဉ်တက်ရန် နောက်ကျနေပြီဖြစ်သောကြောင့် လူဝင်မှုကြီးကြပ်ရေးဌာနကိုသာ ပြဿနာရှာနေကြပါတယ်။
ဗီယက်နမ်နိုင်ငံသားများ တိုင်းပြည်အတွင်းမှ ထွက်ခွာခြင်းနှင့် ဝင်ခွင့်ဆိုင်ရာဥပဒေနှင့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု စည်းမျဉ်းများအောက်တွင် အာဏာပိုင်များသည် အခွန်စည်းကြပ်မှုအချို့ကို လိုက်နာရန် ပျက်ကွက်ပါက လူတစ်ဦးရဲ့ နိုင်ငံတွင်းမှ ထွက်ခွာခွင့်ကို ယာယီ ဆိုင်းငံ့ထားခွင့်ရှိတယ်လို့ ဆိုထားပါတယ်။
ယာယီထွက်ခွာခွင့် ပိတ်ပင်ခံရသူများသည် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးချင်း၊ အိမ်ထောင်စု လုပ်ငန်းပိုင်ရှင်များ၊ အကျိုးပြု လုပ်ငန်း ပိုင်ရှင်များ နှင့် အခွန်စည်းကြပ်ခြင်း ခံရသော ကုမ္ပဏီ သို့မဟုတ် သမဝါယမများ၏ တရားဝင် ကိုယ်စားလှယ်များ ပါဝင်သည်။ ၎င်းတို့၏ မှတ်ပုံတင်ထားသော လိပ်စာများတွင် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားသော်လည်း အခွန်ပေးဆောင်နေသေးသူများလည်း ထိခိုက်နိုင်ပါတယ်။
ဒါ့အပြင် ပြည်ပသို့ အပြီးအပိုင်နေထိုင်ရန် စီစဉ်နေသော ဗီယက်နမ်နိုင်ငံသားများ၊ နိုင်ငံရပ်ခြားမှ ဗီယက်နမ်နိုင်ငံသားများနှင့် နိုင်ငံခြားသားများ ထွက်ခွာခြင်းမပြုမီ ၎င်းတို့၏ အခွန်စည်းကြပ်မှုများ မပြီးစီးပါက ဗီယက်နမ်မှ ထွက်ခွာခွင့်ကို တားမြစ်နိုင်ပါတယ်။
အချို့သောကိစ္စများတွင်၊ အာဏာပိုင်များက ချက်ချင်းကြိုတင်ကာကွယ်မှုအစီအမံများ လိုအပ်တယ်လို့ ယူဆပါက အခွန်စစ်ဆေးခြင်း သို့မဟုတ် စာရင်းစစ်ခြင်းခံရသည့် ပုဂ္ဂိုလ်များကို ခရီးသွားခြင်းမှ ယာယီကန့်သတ်ထားနိုင်ပါတယ်။
အခွန်စည်းကြပ်မှုအောက်တွင် စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီနှင့် အိမ်ထောင်စုလုပ်ငန်းပိုင်ရှင်များအတွက် ၄ လအတွင်း မပေးဆောင်ရသေးသောအခွန်ကြွေး ဒေါင်ငွေ သန်း ၅၀( ကန်ဒေါ်လာ ၂၀၀၀ နီးပါး) ၊ လုပ်ငန်း သို့မဟုတ် သမဝါယမများရဲ့ တရားဝင် ကိုယ်စားလှယ်များအတွက် သတ်မှတ်ချက်မှာ ဒေါင်ငွေ သန်း ၅၀၀ အထက်ရှိပါက တိုင်းပြည်အတွင်းမှ ထွက်ခွာခွင့်ကို တားထားမှာ ဖြစ်ပါတယ်။
REF: Msn
#MNP #News



No comments:
Post a Comment