အပစ်ရပ်ရေး လက်မှတ်ထိုးပြီးနောက်ပိုင်း အစ္စရေး တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆၀၀ ကျော်သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

အပစ်ရပ်ရေး လက်မှတ်ထိုးပြီးနောက်ပိုင်း အစ္စရေး တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆၀၀ ကျော်သေဆုံး


ဖေဖော်ဝါရီ - ၁၈ ( ဗုဒ္ဓဟူးနေ့ ) 

မနှစ်က အောက်တိုဘာလမှာ အမေရိကန် ကျောထောက်နောက်ခံပြု အပစ်အခတ်ရပ်စဲမှု ကြေညာချက်ထုတ်ပြန် ပြီးနောက် အစ္စရေး က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်နေရာ ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း ရာနဲ့ ချီပြီး သေဆုံးရသလို  ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး အရာရှိများက ပြောကြားခဲ့ပါတယ်။ 

အပစ်အခတ်ရပ်စဲရေးက ဂါဇာကမ်းမြောင်ဒေသတွင် အကြမ်းဖက်မှုများကို လျှော့ချရန်နှင့် ပြန်လည် တည်ဆောက်ရေး ကို စတင်ခွင့်ပြုခြင်းဆီသို့ ခြေလှမ်းတစ်ခုဖြစ်ပေမဲ့ အစ္စရေးနှင့် ဟားမတ်စ်နှစ်ဘက်စလုံး က သဘောတူညီချက်ကို ချိုးဖောက်နေတယ်ဆိုပြီး အပြန်အလှန် စွပ်စွဲမှုများကို လုပ်ခဲ့ကြပါတယ်။ 

အောက်တိုဘာ ၁၁ ရက် အပစ်အခတ်ရပ်စဲရေး အသက်ဝင်ချိန်မှစ၍ ဒီနေ့အထိ အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆၀၃ ဦး သေဆုံးပြီး ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာရှိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။  အတိအကျ မဖော်ပြနိုင်တဲ့ ရုပ်အလောင်း အများအပြားသည် “အပျက်အစီးများအောက်တွင် ရှိနေကြ သေးပါတယ်။ အခုက လမ်းပေါ်မှာ တွေရတဲ့ အလောင်းတွေကို ကောက်ပြီး ရတဲ့ အရေအတွက်ပါ” လို့  ကယ်ဆယ်ရေးအဖွဲ့များက ပြောပြီး နယ်မြေအများအပြား က ဘေးကင်းမှု မရှိသေးပါဘူး လို့လည်း ဆိုပါတယ်။ 

စနေနေ့နှောင်းပိုင်းနှင့် တနင်္ဂနွေနေ့အထိ လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး ပါလက်စတိုင်း ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြပါတယ်။  ဂါဇာမြောက်ပိုင်းရှိ ဂျာဘာလီယာ အနောက်ဘက်ရှိ ရွှေ့ပြောင်းဒုက္ခသည် မိသားစုများ ခိုလှုံရာ တဲတစ်လုံးကို တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ် ။

အစ္စရေးစစ်တပ်ဘက်ကတော့ “တိကျသော” တိုက်ခိုက်မှုများကို နိုင်ငံတကာဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဟားမတ်စ်တို့၏ “အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်း” ကို တုံ့ပြန်မှုအဖြစ် ဖော်ပြခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲပြီးနောက် ဂါဇာကမ်းမြောင်ဒေသအတွင်း တစ်ဖက်သတ်သတ်မှတ်ထားသော စစ်ရေးနယ်နိမိတ်ကို ရည်ညွှန်းပြီး “အကြမ်းဖက်သမားများသည် အဝါရောင်မျဉ်း၏အရှေ့ဘက်ဥမင်လိုဏ်ခေါင်းမှ ထွက်လာတယ်” လို့ အစ္စရေးအရာရှိတစ်ဦးက အခိုင်အမာဆိုထားပါတယ်။ 

အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း သတ်ဖြတ်မှုအများစုသည် ပါလက်စတိုင်းတို့အား သွားလာခွင့်မပြုသည့်ဇုန်ဟု သတ်မှတ်ထားသော ဤအဝါရောင်မျဉ်းဟု ခေါ်သည့် နယ်မြေအများအပြားမှာ  ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)