စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေး စွမ်းရည်ရှိသည့်တပ်မတော်သားများလိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေး စွမ်းရည်ရှိသည့်တပ်မတော်သားများလိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား








နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၅

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများ အား တပ်နယ်ခန်းမ၌တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင် အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဟုမ္မလင်းတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေး ကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ ရခြင်းဖြစ်ကြောင်း၊ စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ဆူပူဆန္ဒပြမှုများ၊ လက်နက် ကိုင် အကြမ်းဖက်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဆူပူဆန္ဒပြမှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ပြီးနောက်ပိုင်းတွင် ဆူပူဆန္ဒပြမှုများလျော့ပါးသွား ခဲ့သော်လည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ၂ နှစ်တာကာလအတွင်း ရွေးကောက် ပွဲကျင်းပနိုင်ခဲ့မှုမရှိကြောင်း။

အလားတူ ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရေကြီး ရေလျှံမှုဖြစ်ပေါ် ခြင်းနှင့် မန္တလေးငလျင်ကြီး စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်အနေဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် နယ်မြေဒေသအလိုက် တပ်မတော်အရာရှိကြီးများကို သီးခြား တာဝန်များပေးအပ်ပြီး ဆောင်ရွက်ခဲ့ရာ ၆ လခန့်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

တိုင်းပြည်အခြေအနေ တိုးတက်လာသည်နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲပြီး ကျင်းပပြလုပ်ခဲ့ကြောင်း၊ ထိုသို့ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ရာတွင် တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြောင်း၊ မဲစာရင်းများ မှန်ကန်စွာရရှိစေရေးအတွက်လည်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းများကိုလည်း ဆောင်ရွက်ခဲ့ ကြောင်း၊ ဆန္ဒမဲများပေးရာတွင်လည်း မဲမသမာမှုများကို လုပ်ဆောင်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) များကို အသုံးပြုဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် ပြည်သူလူထုနှင့် ထိတွေ့မှုအများဆုံးရှိပြီး ပြည်သူလူထုက ယုံကြည်အားကိုးသည့် ပါတီများ အနိုင်ရရှိခဲ့သည်ကိုတွေ့မြင်ရမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများမည်ကဲ့သို့ပင် ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကိုဖြေရှင်းနေရသည်ကိုသမိုင်းကြောင်းအထောက် အထားများအရသိရှိနိုင်ကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ထိန်းသိမ်း ဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏တာဝန်ဖြစ်သော်လည်း လိုအပ်ချက်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။ တပ်မတော်မှပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ စစ်မြေပြင်တွင် အဆင့်မြင့် နည်းပညာများကိုအသုံးချလာကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲ့တပ်ဖွဲ့တို့တွင် ခေတ်နှင့်အညီနည်းပညာများကို အပြည့်အဝအသုံးချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့သည် ညီနောင်တပ်ဖွဲ့များ အဖြစ် လက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေး အတွက်တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်း၍ ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

စွမ်းရည်၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ တိုက်စွမ်းအားနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ယှဉ်နိုင်သည့် တပ်မတော်ဖြစ်စေရေး တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့ရှိ ရေယာဉ်၊ လေယာဉ် များအား အဆင့်မြှင့်တင်ခြင်းနှင့် ထပ်မံဖြည့်တင်းဆောင်ရွက်ခြင်းနှင့် တပ်မတော် (ကြည်း) အတွက်လိုအပ်သည့် ယာဉ်ယန္တရားများ၊ လက်နက် အသုံးအဆောင်ပစ္စည်းများ၊ ခေတ်နှင့်လျော်ညီသည့် စစ်ဘက်နည်းပညာများအား အဆင့်မြှင့်တင်ဖြည့်ဆည်းခြင်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ဆောင်ရွက်သွားကြရန်လို နိုင်ငံတော်နှင့် တပ်မတော်မှဖြည့်ဆည်းပေးထားသော တိုက်စွမ်းအားနှင့် ခေတ်မီ လက်နက်နည်းပညာများကို အပြည့်အဝအသုံးချနိုင်ရေး စွမ်းရည်ရှိသည့် တပ်မတော် သားများဖြစ်ရန်လိုကြောင်း၊ ထို့ကြောင် စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့တတ်မြောက်ထားသည့် စစ်အတတ်ပညာ များကို ကျွမ်းကျင်တတ်မြောက်စွာအသုံးချနိုင်သည့်၊ ကျန်းမာကြံ့ခိုင်သည့် တပ်မတော် သားများဖြစ်အောင် အမြဲလေ့လာ၊ လေ့ကျင့်၊ လိုက်နာ ကြောင်း၊ ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲ လေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင်ရန်လိုကြောင်း၊ အလားတူ မိမိတို့အသုံးပြုရသည့် စစ်အသုံးအဆောင်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ် အသုံးချနိုင်ရေး အမြဲလေ့ကျင့်နေကြရန်လိုကြောင်း၊ ခေတ်သစ်စစ်နည်းဗျူဟာများကို အမြဲလေ့လာပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် စစ်နည်းဗျူဟာများအတိုင်း လိုက်နာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကမ္ဘာပေါ်တွင်ဖြစ်ပျက်ပြောင်းလဲနေသည့် အခြေ အနေများအလိုက် တပ်မတော်အနေဖြင့် ပြောင်းလဲမှုများကိုဆောင်ရွက်သွား ရမည်ဖြစ် ကြောင်း၊ ပညာပေးမှုများ၊ သုတေသနပြုမှုများကို အမြဲဆောင်ရွက်သွား ကြရန်လို ကြောင်း၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေး စွမ်းရည်ရှိသည့် တပ်မတော် သားများလိုအပ်သဖြင့် စွမ်းရည်ရှိသည့်တပ်မတော်သားများဖြစ်စေရေး ဆောင်ရွက် သွားကြရန်လိုကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး ထက်ဝက် ခန့်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြပြီး အဆိုပါလူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့်သည့်ကျေးလက်ဒေသတွင်နေထိုင်ကြကြောင်း၊ ထို့ကြောင့် ကျေးလက်ကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများတိုးတက်လာစေရေး မိမိတို့အနေဖြင့် စိုက်ပျိုးမွေး မြူရေးကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင် ရွက်ရာတွင်လည်း ပညာတတ်လူသားအရင်းအမြစ်များလိုအပ်ခြင်းကြောင့် တစ်နိုင်ငံ လုံး၏ ပညာရေးကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို တစ်နိုင်ငံလုံးတိုးတက် အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်မှုကို များစွာအထောက်အကူပြု စေနိုင်မည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် များကို စနစ်တကျဖြင့်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အားလုံးက အမှန်တကယ်အလုပ် လုပ်ရန်နှင့် အလုပ်လုပ်နိုင်သည့် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးရန်လိုကြောင်း၊ စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများကို အပြည့်အဝစိုက်ပျိုး ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များ ပိုမိုရရှိလာမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလာမည် ဖြစ်ကြောင်း၊ ရောင်းကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကူညီဆောင် ရွက်ပေးကြစေလိုကြောင်း၊ သို့မှသာ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း။

တပ်မတော်သားများအနေဖြင့် မိမိတို့တစ်ဦးချင်းထမ်းဆောင်ရသည့် တာဝန်များ အလိုက်ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော် သား များအားလုံးအနေဖြင့်လည်း မိမိတို့ကိုပေးအပ်ထားသည့် တာဝန်များကို ကျေပွန် အောင် ထမ်းဆောင်ခြင်းအားဖြင့် နိုင်ငံတော်နှင့်တပ်မတော်အပေါ် တာဝန်ကျေပွန်ရ မည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်ရမည့်တာဝန်များကို ကောင်းမွန်ကျေပွန်စွာ ထမ်းဆောင် ခြင်းအားဖြင့် တပ်မတော်၏အရည်အသွေး၊ တပ်မတော်၏ အဆင့်အတန်း ကို ထိန်းသိမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများ၏ ဘဝတိုးတက်စေရေးအတွက်လည်း ပညာရေးအားပေးဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်ကအားထားရသော လူသားအရင်းအမြစ်များဖြစ်စေရေးအထိမျှော်မှန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့ သားသမီးများ၏ ဘဝအတွက်သာမက နိုင်ငံတော်၏အကျိုးအတွက်ပါဆောင်ရွက် ပေးခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံး အနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏အကျိုးကို တတ်နိုင်သမျှ အကောင်းဆုံးထမ်းဆောင်သွားကြရန်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အင်ပြည့်အားပြည့် ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးက လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း လက်ခံရယူသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)