ပိုလန်က နျူ့လက်နက် လိုအပ်နေပြီလို့ သမ္မတပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုလန်က နျူ့လက်နက် လိုအပ်နေပြီလို့ သမ္မတပြော


ဖေဖော်ဝါရီ - ၁၆ (တနင်္လာနေ့)

'ရုရှားခြိမ်းခြောက်မှု' ကို ကိုးကားပြီး ပိုလန်နိုင်ငံအနေနဲ့ ၎င်းရဲ့ကိုယ်ပိုင်နျူကလီးယားလက်နက်အစီအစဉ်ကို ဖော်ဆောင်ရန် လိုအပ်နေပြီလို့ သမ္မတ ကာရိုနော်ရော့ကီး  က အကြံပြုခဲ့ပါတယ်။ 

ရုရှားရန်လိုမှုကို အကြောင်းပြချက်တစ်ခုအဖြစ် ဖော်ပြပြီး နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံတွေက သူတို့ရဲ့ စစ်အင်အားတိုးချဲ့မှု ပြုလုပ်နေကြပါတယ်။ မော်စကိုဘက်ကတော့ အဲ့လိုလုပ်နေတာတွေက အခြေအမြစ်မရှိတဲ့ စွပ်စွဲမှု တွေလို့ ဆိုထားပါတယ်။ 

တနင်္ဂနွေနေ့တွင် ပိုလ်ဆက် သတင်းဌာနနဲ့ အင်တာဗျူးတွင် သမ္မတ နော်ရော့ကီး က "နျူကလီးယားစီမံကိန်းတွင် ပါဝင်ရန် ပိုလန်အတွက် ကျနော်ကတော့ ခိုင်မာတဲ့ ထောက်ခံသူဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ “ကျနော်တို့ လုပ်ငန်းတွေစတင်နိုင်ဖို့အတွက်ကတော့ လမ်းညွှန်ချက်တွေလိုပါတယ်။ အစိုးရပိုင်းကတော့ လုပ်မယ်၊ မလုပ်ဘူး ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး”လို့ ပြောပါတယ်။ 

ပိုလန်သည် တရုတ်၊ ပြင်သစ်၊ ရုရှား၊ အမေရိကန်နှင့် ဗြိတိန်တို့သာ အသိအမှတ်ပြုထားသည့် နျူကလီးယား လက်နက် မပြန့်ပွားရေး သဘောတူစာချုပ်တွင် ပါဝင်တဲ့ နိုင်ငံဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် နျူလက်နက်ရရှိရေး ဆွေးနွေးမှုသည် ဂျာမနီတွင် တားမြစ်ချက်မဟုတ်တော့ပါဘူး။ အဆိုပါအကြောင်းအရာကို မီဒီယာများက ပိုမိုဆွေးနွေးကြပြီး နိုင်ငံရေးသမားများ၊ ပါလီမန်အမတ်များ၊ စစ်ဘက်အရာရှိများနှင့် ကျွမ်းကျင်သူများအကြား ထောက်ခံအားပေးသူများ ရရှိနေကြသည်ဟု ဘာလင်မြို့ဆိုင်ရာ ရုရှားသံအမတ်ကြီး ဆာဂျီနီချာ့ဗ်က သောကြာနေ့က ပြောကြားပြီး လမ်းကြောင်းသည် အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)