ဖေဖော်ဝါရီ - ၁၆ ( တနင်္လာနေ့ )
တရုတ်နိုင်ငံက ၎င်းနဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ အာဖရိကနိုင်ငံ ၅၃ နိုင်ငံမှ သွင်းကုန်များအတွက် အကောက်ခွန်မဲ့ ဆက်ဆံမှုကို ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်ကာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ မီဒီယာက ၂၀၂၆ ဖေဖော်ဝါရီ ၁၄ ရက်နေ့ တွင် ဖော်ပြခဲ့ပါတယ်။
အဆိုပါ လှုပ်ရှားမှုက ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ အက်စ်ဝါတီနီနိုင်ငံကို ဖယ်ထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဘေကျင်းရဲ့ အခွန်ကင်းလွတ်ခွင့်က အာဖရိကတိုက်ကြီးတစ်ခုလုံးနီးပါးအထိ ချဲ့ထွင်ခဲ့တာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက အာဖရိကမှာ အနောက်နိုင်ငံတွေရဲ့ ကုန်သွယ်မှု မူဘောင်တွေ ရွေ့လျားနေတဲ့ကြားထဲမှာ ကုန်သွယ်မှု မိတ်ဖက်တွေ ပြန်လည် ချိန်ညှိနေချိန်မှာ အခုလို ကြေညာချက်ထွက်လာတာပဲ ဖြစ်ပါတယ်။
အဲ့ဒိလုပ်ဆောင်မှုက အာဖရိက ရဲ့ ကြီးထွားမှု နဲ့ အခွင့်အလမ်းအက်ဥပဒေ (AGOA) ကို သက်တမ်းတိုး လိုက်သလိုဖြစ်နေပြီး အာဖရိကနိုင်ငံများနှင့် ဥရောပသမဂ္ဂတို့ကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်များ (EPAs) ဆိုင်ရာ ပဋိပက္ခများကို ဆက်လက်ဖြစ်ပွားစေသလိုဖြစ်ခဲ့ပါတယ်။
တရုတ်ရဲ့ချဉ်းကပ်ပုံက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDCs) များကိုသာ အခွန်ကင်းလွတ်ခွင့်ပြုတဲ့ ဥရောပသမဂ္ဂ ( အီးယူ) ရဲ့ “လက်နက်ကလွဲပြီး အရာရာတိုင်း” အစီအစဉ်နှင့်လည်း ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်။
REF: The Nation
#News #MNP


No comments:
Post a Comment