လူမိုက်ဂိုဏ်းတွေနဲ့ ဥပဒေမဲ့ သတ္တုတွင်းတူးတဲ့သူတွေကို စစ်တပ်နဲ့ လိုက်လံနှိမ်နင်းနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူမိုက်ဂိုဏ်းတွေနဲ့ ဥပဒေမဲ့ သတ္တုတွင်းတူးတဲ့သူတွေကို စစ်တပ်နဲ့ လိုက်လံနှိမ်နင်းနေ


ဖေဖော်ဝါရီ - ၁၆ ( တနင်္လာနေ့ ) 

တောင်အာဖရိကသမ္မတ ဆိုင်ရေး ရာမာဖိုဆာ က အနောက် ကိတ်ပ် နဲ့ ဂူတန် ပြည်နယ်များတွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ နဲ့ တရားမဝင် သတ္တုတူးဖော်မှုများကို တိုက်ဖျက်ရန်အတွက် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (SANDF) ကို တပ်ဖြန့်ထားကြောင်း ကြာသပတေးနေ့တွင် ကြေညာခဲ့ပါတယ်။ 

၂၀၂၆ နိုင်ငံတော်မိန့်ခွန်း တွင် ရာမာဖိုဆာ က နိုင်ငံရဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်မှုအရှိဆုံးအဖြစ် ရာဇဝတ်မှုဆိုင်ရာ ကွန်ရက်များကို တိုက်ဖျက်ရန် ပြည့်စုံသောအစီအစဉ်များကို ဖော်ပြခဲ့ပါတယ်။ 

“ဒီနှစ်မှာ ကျနော်တို့ရဲ့ အဓိက ဦးတည်ချက်ကတော့ လူမိုက်ဂိုဏ်းတွေ နဲ့ အစိုးရပိုင်းက အကျင့်ပျက်ခြစားမှုတွေ ကို အရှိန်မြှင့်ပြီး တိုက်ဖျက်ဖို့ နည်းပညာ၊ ထောက်လှမ်းရေးနဲ့ ပေါင်းစပ်ဥပဒေစိုးမိုးရေးအဖွဲ့တွေကို အသုံးပြုပြီး လုပ်ဆောင်သွားမှာပါ။ နိုင်ငံတော်အဆင့် ထောက်လှမ်းရေးတွေကို စုစည်းပြီး အဓိက လူမိုက်ဂိုဏ်းတွေကို ဦးစားပေး ဖော်ထုတ်ပြီး ရာဇဝတ်မှုကွန်ရက်တွေကို ဖျက်ဆီးပစ်မှာပါ။  ရာဇဝတ်မှုတွေကို ကိုင်တွယ် ဖြေရှင်း သွားမှာပါ” လို့လည်း ဆိုပါတယ်။ 

အုပ်စုဖွဲ့အကြမ်းဖက်မှုနှင့် တရားမဝင် သတ္တုတူးဖော်မှုကို တွန်းလှန်ရာတွင် အားကောင်းလာစေရန် ရဲတပ်ဖွဲ့အား ပံ့ပိုးကူညီရန်အတွက် SANDF အား တပ်ဖြန့်သွားမယ်လို့ ၎င်းကဆိုပါတယ်။  “နောက်ရက်အနည်းငယ်အတွင်း ကျွန်တော်တို့ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အနောက်ကိတ်နဲ့ ဂူတန် မှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေနဲ့ တရားမဝင်တူးဖော်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရဲတပ်ဖွဲ့နဲ့ SANDF တို့ကို နည်းပညာပိုင်းဆိုင်ရာ အစီအစဉ်တစ်ခုရေးဆွဲဖို့ ကျနော် ညွှန်ကြားထားပါတယ်” လို့ ဆိုပါတယ်။ နေရာချထားမှုနှင့် ပတ်သက်သည့် ကုန်ကျစရိတ်များကို လွှတ်တော်သို့ အကြောင်းကြားမှာ ဖြစ်ပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)