တောင်ရှည်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ရှည်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်








နောင်ချို၊ ဖေဖော်ဝါရီ ၁၆

တောင်ရှည်တိုက်နယ်ဆေးရုံ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ရာ တောင်ခမ်းဒေသစစ်ဆင်ရေး ကွပ်ကံရေးမှူး ဗိုလ်မှူးကြီး မြင့်နိုင်ဦး၊ ရှမ်းမြောက် ပြည်သူ့ကျန်းမာရေးသုတေသန ဦးစီးမှူး ဒေါက်တာ ဦးထွန်းညွန့်ဦးနှင့် ကျောက်မဲခရိုင်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကျောက်မဲခရိုင်စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် ပြည်သူ့ကျန်းမာရေးသုတေသန ဦးစီးမှူး ဒေါက်တာ ဦးထွန်းညွန့်ဦးတိုက အမှာစကားပြောကြားပြီး တောင်ရှည်ကျေးရွာအုပ်စု ကျန်းမာရေးကော်မတီဝင် ဦးကျော်မြိုင် က ဆေးရုံပြန်လည်ဖွင့်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

တောင်ရှည်အုပ်စု အုပ်ချုပ်ရေးမှူးက ဆေးရုံအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရန် ပြောကြားပြီး အထက(လုံကာ) ကျောင်းသူလေးများက ကပြဖျော်ဖြေကြသည်။

နောင်ချိုဒေသတွင် TNLA, PDF အကြမ်းဖက်သမားများ ဝင်ရောက်လာပြီး ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရာမှ တပ်မတော်က အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းနိုင်ခဲ့ပြီး ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို ပြန်လည်ဆောင်ရွက်ပေးလျက်ရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)