(ငြိမ်းချမ်းရေးခရီးပန်းတိုင်ကို ရောက်ပြီ) - Myanmar National Post

Myanmar National Post

News Agency

Breaking

(ငြိမ်းချမ်းရေးခရီးပန်းတိုင်ကို ရောက်ပြီ)


 (ငြိမ်းချမ်းရေးခရီးပန်းတိုင်ကို ရောက်ပြီ) 

ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ ၁၀၈ ရက်မြောက်နေ့ ဝါရှင်တန်ဒီစီ ကို ရောက်ပြီ


အမေရိကန်ပြည်ထောင်စုအတွင်းမှာ Walk For Peace ခေါင်းစဉ်နဲ့ ဆရာတော်သံဃာတော်များ လမ်းလျှောက်ခဲ့ကြတာ အခုဆိုရင် ၁၀၈ ရက်မြောက်နေ့ကို ရောက်ရှိလာပြီဖြစ်သလို ခရီးပန်းတိုင်ဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့မြို့တော် ဝါရှင်တန်ဒီစီကို ရောက်ရှိပြီဖြစ်ပါတယ်။

ယနေ့ ၁၀-၂-၂၀၂၆ ရက်နေ့ လမ်းလျှောက်ပွဲ ၁၀၈ မြောက်နေ့ အခြေအနေနဲ့ ပတ်သက်လို့ ဖော်ပြထားတဲ့ အခြေအနေမှာတော့ ဗာဂျီးနီးယားမှ ထွက်ခွာပြီး ဝါရှင်တန်ဒီစီသို့ ဖြတ်ကျော်ပါမည်။ ဤသည်မှာ ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့၏ မိုင် ၂၃၀၀ ခရီးတွင် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ပြည်နယ်များစွာကို ဖြတ်သန်းပြီးနောက်၊ နောက်ဆုံးတွင် နိုင်ငံ၏ မြို့တော်သို့ ရောက်ရှိပါပြီ။ ၁၀၈ ရက်မြောက်နေ့အတွက် ခရီးစဉ်- နံနက် ၇:၀၀: လမ်းလျှောက်ခြင်း စတင်၊ နံနက် ၉:၃၀–၁၀:၄၅: Bender Arena တွင် အများပြည်သူနှင့်တွေ့ဆုံပွဲ၊ ဆွမ်းစားရန် National United Methodist Church၊ - နေ့လည် ၁:၀၀ မှ ၂:၃၀: Washington National Cathedral တွင် ဘာသာပေါင်းစုံ အခမ်းအနား၊ နေ့လည် ၂:၃၀: Embassy Row တွင် Unity Walk၊ ညအိပ်ရန်နေရာ George Washington University မှာ ဖြစ်ပါတယ်။

ဆရာတော်များက "၁၀၈ ရက်မြောက်နေ့တွင် ကျွန်ုပ်တို့နှင့်အတူ ပါဝင်ရန် အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်။ ဤအရေးပါသောနေ့ကို ကျွန်ုပ်တို့အတူတကွ ဆင်နွှဲနေချိန်တွင် သင်တို့၏ တက်ရောက်မှုသည် မင်္ဂလာ ဖြစ်လိမ့်မည်။ အမေရိကန်တက္ကသိုလ် (Bender Arena)၊ အမျိုးသားယူနိုက်တက်မက်သဒစ်ဘုရားကျောင်း၊ ဝါရှင်တန်အမျိုးသားဘုရားရှိခိုးကျောင်းနှင့် ဂျော့ခ်ျဝါရှင်တန်တက္ကသိုလ်တို့အားလည်း ၎င်းတို့၏ ရက်ရောသော ဧည့်ဝတ်ကျေပွန်မှုနှင့် ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်" ဟု ထုတ်ပြန်ထားပါတယ်။

ဒီခရီးရဲ့ အစဟာ တက္ကဆပ်ပြည်နယ်ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်ပေါင်း (၁၀)ခုကို ဖြတ်ကျော်ပြီး ဝါရှင်တန်ဒီစီအထိ အရောက်လျှောက်လမ်းခဲ့တာ ဖြစ်ပါတယ်။ လမ်းခရီးတလျှောက်မှာလည်း နွေးထွေးစွာ ကြိုဆိုကြတဲ့ အမေရိကန် ပြည်သူများကို ဆရာတော်များက နေ့စဉ်လူမှုဘဝမှာ ကျန်းမာ ပျော်ရွှင် ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ တရားဓမ္မတွေ ဟောကြားခဲ့ပါတယ်။

ဆရာတော်များရဲ့ ကောင်းမွန်မှန်ကန်တဲ့ ရည်ရွယ်ချက်ကြောင့် ခရီးပန်းတိုင်အထိ အရောက်လျှောက်လှမ်းနိုင်ခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ အမေရိကန် ပြည်သူများစွာလည်း ဗုဒ္ဓဘာသာ ရဟန်းတော်များရဲ့ သဘောသဘာဝကို သိရှိခွင့် ရသွားခဲ့ပါတယ်။ ဆရာတော်များ လမ်းခရီးတလျှောက်မှာ မေတ္တာပို့ခဲ့တာက "သတ္တဝါအားလုံး ကျန်းမာပျော်ရွှင်ပြီး ငြိမ်းချမ်းပါစေ" ဆိုတာပါပဲ။

အမေရိကန်ပြည်ထောင်စုကြီးလည်း ငြိမ်းချမ်းပါစေ၊ မြန်မာပြည်မှာလည်း ငြိမ်းချမ်းပါစေ၊ ကမ္ဘာမြေပြင်အရပ်ရပ်မှာ ငြိမ်းချမ်းပါစေ။


နောင်တော်လေး (ဘိုကလေး)

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)