နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဇမ္ဗူသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာ အပျိုဆောင် (၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်အဆောက်အဦ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အောင်လွှမ်းမိုးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အပျိုဆောင် (၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်အဆောက်အဦ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာ လုပ်ငန်းခွင်အတွင်းအသုံးပြုရေး၊ လူအင်အား၊ စက်ယန္တရားတိုးမြှင့်ဆောင်ရွက်ရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)
#MNP #News

No comments:
Post a Comment