ဖေဖော်ဝါရီ - ၁၀ ( အင်္ဂါနေ့ )
အမေရိကန်ရဲ့ စွမ်းအင် ပိတ်ပင်မှု ဆက်တိုက် ဖြစ်ပွားနေသောကြောင့် ကျူးဘားလေကြောင်း အာဏာပိုင်များက ကျွန်းပေါ်တွင် နိုင်ငံတကာ လေကြောင်းလိုင်းများအတွက် လေယာဉ် လောင်စာဆီ ပြတ်လပ်မှုဖြစ်ပေါ်နေပြီ လို့ သတိပေးထားပါတယ်။
ကျူးဘားနိုင်ငံတကာလေဆိပ်ကိုးခုတွင် တနင်္လာနေ့မှစတင်၍ ဆိုက်ရောက်လာသော လေယာဉ်များအား ဆီဖြည့်ရန် လေယာဉ်ဆီမရှိတော့ဘူးလို့ ဟာဗားနားမြို့ရှိ ဂျိုဆေးမာတီ အပြည်ပြည်ဆိုင်ရာလေဆိပ် က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာရေဘီယံကျွန်းနိုင်ငံဖြစ်တဲ့ ကျူးဘားသို့ ရေနံတင်ပို့သည့်နိုင်ငံများအပေါ် အခွန်စည်းကြပ်မှုတိုးမြှင့်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး ပြည်တွင်း စီးပွားရေးအကျပ်အတည်းဖြစ်လာပါက လက်ရှိကျူးဘားအစိုးရကို ဖြုတ်ချနိုင်မယ်လို့ အမေရိကန်အစိုးရက မျှော်မှန်းထားပါတယ်။
ကျူးဘား လေကြောင်းလိုင်းများအနေနဲ့ မက္ကဆီကို သို့မဟုတ် ဒိုမီနီကန်သမ္မတနိုင်ငံကဲ့သို့ နိုင်ငံများတွင် ဆီဖြည့်ရပ်နားမှုများကို လုပ်ခြင်းဖြင့်အဆိုပါ လေယာဉ်ဆီ ပြတ်တောက်မှုများကို စီမံခန့်ခွဲခဲ့ပါတယ်။ ဒါပေမဲ့ လက်မှတ်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်တယ်လို့ လေ့လာသူများက သုံးသပ်ထားပါတယ်။
ရုရှားဘက်ကတော့ အဲ့ဒိအခြေအနေကို ကူညီဖို့ အသင့်ရှိပါတယ်လို့ပြော ထားပါတယ်။ “တကယ်တော့ အမေရိကန်ရဲ့ လည်ပင်းညှစ်နေမှုဟာ ပြဿနာများစွာကို ဖြစ်စေပါတယ်။ ကျနော်တို့အနေနဲ့ ကျူးဘား မိတ်ဆွေတွေ ရဲ့ ပြဿနာကို ဖြေရှင်းဖို့ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်း ဒါမှမဟုတ် အနည်းဆုံးတော့ တတ်နိုင်သလောက် အကူအညီပေးဖို့ ဆွေးနွေးနေပါတယ်” လို့ ရုရှားအစိုးရ ပြောခွင့်ရှိသူက သတင်းထောက်များအား တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
Ref: RT
#MNP #News

No comments:
Post a Comment