အိုလံပစ်ပွဲတော်ကာလအတွင်း ဆန္ဒပြနေတဲ့သူတွေကို အီတလီရဲ့ရန်သူလို့ ဝန်ကြီးချုုပ်က တံဆိပ်ကပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အိုလံပစ်ပွဲတော်ကာလအတွင်း ဆန္ဒပြနေတဲ့သူတွေကို အီတလီရဲ့ရန်သူလို့ ဝန်ကြီးချုုပ်က တံဆိပ်ကပ်


ဖေဖော်ဝါရီ - ၁၀ ( အင်္ဂါနေ့ ) 

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီ က မီလန်မြို့တွင်ဖြစ်ပွားနေတဲ့ ပြင်းထန်သော ရုန်းရင်းဆန်ခတ်မှုများနဲ့ အမျိုးသားရထားလမ်းကွန်ရက်များ ပြတ်တောက်သွားစေခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲကို ဆန့်ကျင်သူများနှင့် အဖျက်သမားများအား အီတလီရဲ့ ရန်သူများအဖြစ် သက်မှတ်ကာ ရှုတ်ချခဲ့ပါတယ်။ အဲ့ဒိ ဆန္ဒပြပွဲတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေက  မီလာနို-ကော်တီနာ ၂၀၂၆ ဆောင်းရာသီအားကစားပြိုင်ပွဲ၏ ပထမဆုံးနေ့ မှာ စဖြစ်ခဲ့တာပါ။ 

စနေနေ့က လူ ၁၀,၀၀၀ ခန့်သည် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများအပေါ် ကိုးကားပြီး အားကစားပြိုင်ပွဲကို ကန့်ကွက်ဆန္ဒပြရန် မီလန်မြို့တွင် ချီတက်ခဲ့ကြပါတယ်။ အီတလီကို ရောက်နေတဲ့ အမေရိကန် ကစားသမားများနဲ့ အရာရှိများအတွက် လုံခြုံရေးလုပ်နေတဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေး (ICE) ဝန်ထမ်းများ ရှိနေခြင်းကိုလည်း ၎င်းတို့က ကန့်ကွက်ခဲ့ပါတယ်။ 

နောက်ပိုင်းတွင် ဆန္ဒပြနေသူများထဲမှ အင်အား ၁၀၀ ခန့်ရှိသော လူတစ်စုသည် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြရာမှ ခွဲထွက်ပြီး ရဲတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တိုက်ခိုက်မှုတွေ လုပ်လာလို့ ရဲတွေက လူအုပ်ကိုထိန်းသိမ်းရန်အတွက် မျက်ရည်ယိုဗုံးများနှင့် မီးသတ်ပိုက်များ အသုံးပြုခဲ့ပါတယ်။  တနင်္ဂနွေနေ့က အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့တဲ့ ပို့စ်တစ်ခုမှာတော့ ဝန်ကြီးချုပ်က မငြိမ်မသက်မှုနောက်ကွယ်မှ လက်မဲကြီးတွေကို ဆန့်ကျင်ကြောင်း ပြောခဲ့ပါတယ်။ “လက်ရှိမှာ အီတလီတွေရဲ့ ရန်သူတွေ ရှိနေပါတယ်။ အခုလိုဖျက်လိုဖျက်ဆီး လုပ်နေတာက ရာဇဝတ်ဂိုဏ်းတွေရဲ့ လုပ်ရပ်ပါပဲ။ အလွန်တရာကို ယုတ်ညံ့ပါတယ်” လို့ ဆန္ဒပြသူများနှင့် ရထားလမ်းဖောက်ခွဲသူများကို ရည်ညွှန်းကာ ရေးတင်ခဲ့ပါတယ်။ 

အီတလီ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက စနေနေ့မှာဖြစ်သွားခဲ့တဲ့ ဘိုလော့ဂ်နာမြို့နဲ့ ပီဆာရိုမြို့ အနီးရှိ ရထားလိုင်းများ မီးလောင်ပျက်စီးမှု နဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးတစ်ရပ်ကို ဖွင့်လှစ်ခဲ့ပြီး ခရီးသည်ထောင်ပေါင်းများစွာအတွက် နာရီပေါင်းများစွာ နှောင့်နှေးခဲ့ရပါတယ်။ 

ရုန်းရင်းဆန်ခတ်ဖြစ်မှုများသည် ငြိမ်းချမ်းစွာဆန္ဒပြမှုများကို နှောင့်ယှက်တယ်လို့ ယူဆပါက ရဲများသည် လူတစ်ဦးချင်းစီကို ၁၂ နာရီအထိ ဖမ်းဆီးနိုင်စေရမယ်လို့ လုံခြုံရေးအမိန့်အသစ်ကို အတည်ပြုပြီးနောက် ရုန်းရင်းဆန်ခတ်မှုတွေ ပိုမိုဖြစ်ပေါ်လာပါတယ်။


Ref: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)