ရုရှားမှာသွားပြီး အလုပ်လုပ်ဖို့အတွက် အိန္ဒိယသားတွေ အများကြီးမျှော်လင့်နေကြ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားမှာသွားပြီး အလုပ်လုပ်ဖို့အတွက် အိန္ဒိယသားတွေ အများကြီးမျှော်လင့်နေကြ




ဖေဖော်ဝါရီ - ၁၀ ( အင်္ဂါနေ့ ) 

ရုရှားတွင် ပရော်ဖက်ရှင်နယ် အခွင့်အလမ်းများ ရရှိရန် အိန္ဒိယ အလုပ်သမားများ ပိုမိုမျှော်လင့်ထားကြောင်း နယူးဒေလီရှိ မော်စကိုအထူးသံတမန်က ပြောကြားခဲ့ပါတယ်။ 

ရုရှားမှာ အလုပ်လုပ်နေတဲ့ အိန္ဒိယအလုပ်သမားဦးရေက ယခုအခါမှာ ၇သောင်း ကျော်သွားပြီဖြစ်လို့  ကိန်းဂဏန်း အရေအတွက် တိုးလာမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒန်နစ် အလီပေါ့ဗ် က ပြောကြားခဲ့ပါတယ်။ “စီးပွားရေးအသိုက်အဝန်းရဲ့ အပြန်အလှန်စိတ်ဝင်စားမှု ကြီးထွားလာပြီး ရရှိထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည် ဖော်လာတာနဲ့အမျှ ဒီကိန်းဂဏန်းက တိုးလာမှာပါ”လို့ ၎င်းက ဆိုပါတယ်။ 

"ပိုမိုနက်ရှိုင်းစွာကြည့်လျှင်၊ အဲ့ဒိလုပ်ငန်းစဉ်သည် လူအချင်းချင်း အဆက်အသွယ်များဆီသို့ ဦးတည်သွားမည် ဖြစ်ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးများ ပိုမိုချဲ့ထွင်လာမှာ ဖြစ်ပါတယ်” လို့လည်း ဆိုပါတယ်။ 

ရုရှားနှင့် အိန္ဒိယကြား ဆွေးနွေးပွဲများတွင် အလုပ်သမား ရွှေ့ပြောင်းသွားလာမှုသည် ပိုမိုအာရုံစိုက်လာကြောင်း၊ ယခင်က လုပ်သားရှားပါးမှုက ရုရှား  စက်မှုဇုန်များတွင် သိသိသာသာ ကြုံတွေ့နေရကြောင်း နဲ့ ၂၀၃၀ ခုနှစ်လောက်ရောက်ရင် အိန္ဒိယ လုပ်သား ၃ သန်းကျော်ထိ ရောက်ရှိလာနိုင်ကြောင်း ရုရှားအလုပ်သမား ဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။ 

အိန္ဒိယနိုင်ငံမှာ ကျွမ်းကျင် လုပ်သားသန်း ၆၀၀ ကျော်သွားပြီမိုလို့ ကမ္ဘာ့ကျွမ်းကျင်မှုမြို့တော်အဖြစ် ပေါ်ထွန်း လာခဲ့ကြောင်း ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ဒီဇင်ဘာတွင် နယူးဒေလီမြို့၌ ပြုလုပ်တဲ့ အိန္ဒိယ-ရုရှား စီးပွားရေး ဖိုရမ်တွင် ပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အိန္ဒိယခရီးစဉ်အတွင်း နှစ်နိုင်ငံ နိုင်ငံသားများ အတွက် ယာယီအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်များနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အလီပေါ့ဗ် ကပြောခဲ့ပါတယ်။ 

အိမ်အကူအလုပ်သမားရှားပါးမှုကိုဖြေရှင်းရန် အိန္ဒိယမှ ကျွမ်းကျင်လုပ်သားများကို ရုရှားနိုင်ငံမှ အကန့်အသတ်မရှိ လက်ခံရန် အဆင်သင့်ရှိကြောင်း လက်ထောက်ဝန်ကြီးချုပ် က ပြောကြားခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံသား ၅၀ ရာခိုင်နှုန်းခန့်သည် အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်များဖြစ်ကြပြီး အိန္ဒိယလုပ်သားများနဲ့ပတ်သက်ပြီး  ရုရှား စီးပွားဖြစ်နှင့် ကုန်ထုတ်ကုမ္ပဏီများက တောင်းဆိုမှုများ ပုံမှန်တိုးတက်နေတယ်လို့ ၎င်းကဆိုပါတယ်။ 


Ref: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)