ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီး၌ (၃၂) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီး၌ (၃၂) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ






ချမ်းမြသာစည်၊ ဖေဖော်ဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီးတွင် (၃၂) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ဖေဖော်ဝါရီ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက မဟာမုနိဘုရားကြီးဝန်းအတွင်းရှိ ဗုဒ္ဓဝင်ဗိမာန်ကွင်း၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့​ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ မြို့တော်စည်ပင်သာယာရေးဝန်​ကြီး ဦးကျော်ဆန်း၊ ဥပဒေချုပ် ဦးမြင့်အောင်နှင့် ဘုရားကြီးဂေါပက ဒုတိယဥက္ကဋ္ဌ ဦးကျော်ဆွေမိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

မြတ်စွာဘုရားအမှူးပြု​သော သံဃာတော်အရှင်သူမြတ်အပါး ၅၅၀ တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့​ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ မြို့တော်စည်ပင်သာယာရေးရာဝန်​ကြီး ဦးကျော်ဆန်းနှင့်ဇနီး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ ဘုရားကြီးဂေါပက ဒုတိယဥက္ကဋ္ဌ ဦးကျော်ဆွေမိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများ၊ အလှူရှင် ပြည်သူများက ဆွမ်းဆန်စိမ်းများ၊ လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ​ လောင်းလှူခဲ့ကြောင်း သိရသည်။


အလင်းသစ် 

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)