ထန်းတပင်မြို့နယ်၌ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်








ထန်းတပင်(ရန်ကုန်)၊ ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ကြီးမှူး၍ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁)ကို ယနေ့နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီကျောင်းတိုက်ကြီးတွင် ဖွင့်လှစ်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ စိန္တိတာရာမနိဗ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစိန္တိတထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ၏ သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တသီလာစာရက သြဝါဒကထာမြွတ်ကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တွဲဖက်အတွင်းရေးမှူး ဦးစိုးဝင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးတို့က အမှာစကားများပြောကြားခဲ့ပြီး ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးသန်းဝင်းက (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

(၃၈)ဖြာမင်္ဂလာတရားတော်မြတ်များကို လိုက်နာကျင့်သုံးတတ်စေရန်ရည်ရွယ်၍ အဆိုပါသင်တန်းကို သုံးရက်ကြာဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၂၀)ဦးတို့ တက်ရောက်လျက်ရှိကြကြောင်း သိရသည်။


ဇင်မင်းထိုက် (ထန်းတပင်)

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)