ပူတာအို၊ ဖေဖော်ဝါရီ ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်အလိုက် ဆွေးနွေးပို့ချခြင်းကို ဖေဖော်ဝါရီ(၁၆)ရက် နံနက် (၈) နာရီက သတ်မှတ်နေရာများတွင် ဆွေးနွေးပို့ချသည်။
ထိုသို့ဆွေးနွေးပို့ချရာတွင် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခ(ဌာနမှူး) မြန်မာစာ ဒေါက်တာသိန်းဝင်း ဦးဆောင်သော ဘာသာရပ်အလိုက် ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ စုစုပေါင်းဆရာ/မ(၁၀)ဦးတို့က ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ အထက(ပူတာအို)၊ အထက(လုံရှာယာန်)၊ အထက (ဆန်ဂေါင်)၊ အထက-ခွဲ(နမ်ထွမ်ခူး)၊ အထက-ခွဲ(နမ်ဟော့)၊ အထက-ခွဲ(နမ်ရှယ်ကော့)ကျောင်းများမှ ကျောင်းသားကျောင်းသူ အဖွဲ့(၁) စုစုပေါင်း (၃၂၉)ဦး၊ အထက (လေယာဉ်ကွင်း) ကျောင်းခန်းမ၌ အထက (ဒုတ္ထန်)၊ အထက (လေယာဉ်ကွင်း)၊ အထက (ဇီးအွန်)၊ အထက (မူလာရှီးဒီ)၊ အထက-ခွဲ (ပမ္မတီး)၊ အထက-ခွဲ(ထဝါဒမ်း)ကျောင်းများမှ ကျောင်းသား ကျောင်းသူ အဖွဲ့(၂)စုစုပေါင်း(၃၄၂)ဦးနှင့် ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန် မြို့နယ်များမှ ဘာသာရပ်သင် ဆရာ/မ စုစုပေါင်း(၁၁၀)ဦးတို့အား Zoom ဖြင့်လည်းကောင်း ဖေဖော်ဝါရီ(၁၆)ရက်မှ (၁၇)ရက်အထိ နှစ်ရက်တာ အနီးကပ် ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။
ပူတာအိုခရိုင်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို ပူတာအို၊ မချမ်းဘော၊ နောင်မွန်စာစစ်ဌာနသုံးခုတွင် ကျောင်းသား/ကျောင်းသူ (အတွင်း/အပြင်ဖြေ) စုစုပေါင်း (၉၆၆)ဦးတို့က မတ်လ(၁၁) ရက်နေ့မှစတင် ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ခရိုင်ပညာရေးရုံးမှ သိရသည်။
#News #MNP



No comments:
Post a Comment