နေပြည်တော်၊ ဖေဖော်ဝါရီ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိသီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ သီတဂူ စက္ခုဒါနဆေးရုံ သို့သွားရောက်၍ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ နိုင်ငံတော် ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အားမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ကော်မရှင်အတွင်းရေး မှူးတို့သည် သီတဂူ စက္ခုဒါနဆေးရုံ တွင် လာရောက်ကုသခွဲစိတ်မှုခံယူထားသည့် ပြည်သူများအား မျက်မှန်များ တပ်ဆင်ပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း မျက်စိခွဲစိတ်ကုသ မှုခံယူ ရန်စောင့်ဆိုင်းလျက်ရှိသည့် ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်အားပေးစကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများအား မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီးထံမှ ဩဝါဒကထာများကို နာယူကြသည်။
ထို့နောက် သီတဂူဆရာတော်ကြီးက နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ အား ဓမ္မလက်ဆောင်များ ပေးအပ် သည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သီတဂူဆရာတော်ကြီးထံ လူဖွယ်ဝတ္ထုပစ္စည်း များနှင့် မန္တလေးငလျင်ကြီး၏ ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များကိန်းဝပ်ရာ ဘုရား၊စေတီပုထိုးများ ပြုပြင် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ်သိန်း ၃၀၀ ကိုဆက်ကပ် လှူဒါန်းခဲ့သည်။
အဆိုပါ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ သီတဂူကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံတွင် ဆေးရုံတက်ရောက်ကုသရန်အတွက် လာရောက်မျက်စိစမ်းသပ်သူ ၁၆၀၀ ခန့်ရှိကြောင်း၊ ထိုအထဲမှ ၅၀၀ ခန့်သည် မျက်စိခွဲစိတ်ကုသရန်လိုအပ်သူများဖြစ်ကြောင်း၊ မျက်စိခွဲစိတ်ကုသရန်လိုအပ်သည့် ပြည်သူ များအား အခမဲ့ခွဲစိတ်ကုသခြင်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်းဖြင့် သတင်းရရှိသည်။
#MNP #News




No comments:
Post a Comment