ပဥ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆုကို ဘားအံမြို့တော်ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဥ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆုကို ဘားအံမြို့တော်ရရှိ

 


ဘားအံ ၊  ဖေဖော်ဝါရီ ၂၃

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင်ကျင်းပခဲ့သော အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ တွင် ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အနေဖြင့် ၂၀၂၆ ခုနှစ်အတွက် ပဥ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆု (5th ASEAN Clean Tourist Award) ဆုကို ရရှိခဲ့ပြီး ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ အဆိုပါဆုတံဆိပ်ကို ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆုတံဆိပ်လွှဲပြောင်းပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာ၊ လမ်းများ သန့်ရှင်းသာယာလှပရေး၊ ကျန်းမာ၍ ဘေးအန္တရာယ်ကင်းရှင်းသော ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရေး၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားလုပ်ငန်းတစ်နှစ်ထက်တစ်နှစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များကလည်း လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပဥ္စမအကြိမ်မြောက်အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆု (5th ASEAN Clean Tourist City Award) ဆုတံဆိပ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦးထံ လွှဲပြောင်းပေးအပ်ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက အဆိုပါဆုတံဆိပ်ရရှိခဲ့မှုနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အနေဖြင့် ၂၀၂၂ ခုနှစ်အတွက် အာဆီယံအစိမ်းရောင်ဟိုတယ်များ စံနှုန်းဆုတစ်ဆု၊ အာဆီယံရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းစံနှုန်းဆု (၁၀) ဆု၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအများပြည် သူသုံးသန့်စင်ခန်းများ စံနှုန်းဆုတစ်ဆု၊ ၂၀၂၄ ခုနှစ်အတွက် အာဆီယံအစိမ်းရောင်ဟိုတယ်များ စံနှုန်းဆုတစ်ဆု၊ ၂၀၂၅ ခုနှစ်အတွက် (၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ် ဖွံဖြိုးသော မြို့ကြီးများဆုနှင့် ၂၀၂၆ ခုနှစ်အတွက် ပဥ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုတို့ကို အသီးသီးရရှိခဲ့ပြီး တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ခရီးသွားကုမ္ပဏီလုပ်ငန်းရှင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များက ပဥ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆု (5th ASEAN Clean Tourist Award) ဆုရဗီဒီယိုအား ကြည့်ရှုခဲ့ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသော ကော်မတီဝင်များနှင့် လုပ်ငန်းရှင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ၊ ဒေသတွင်းခရီးစဉ်ဒေသများနှင့် အထင်ကရနေရာ ဒေသသဘာဝအလှပြိုင်ပွဲဝင်ဓာတ်ပုံများကို ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)