ဆိပ်ဖြူ ၊ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများအား နွေရာသီပန်းချီ (အခမဲ့) သင်တန်းဖွင့်လှစ်ပွဲအခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်သည်။
အဆိုပါအခမ်းနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြန်ကြားဆက်ဆံဒို့အားမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက နွေရာသီပန်းချီ (အခမဲ့) သင်တန်းဖွင့်လှစ်ခြင်းအတွက် ဝမ်းမြောက်အမှာစကားများပြောကြားပေးပြီး၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ဖုန်းသုံးစွဲမှုလျော့ချနိုင်ရေးနှင့် ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ဌာနများက ဖွင့်လှစ်ပေးသည့်သင်တန်းများ တက်ရောက်သွားကြရန် တိုက်တွန်းအားပေးစကားများကို ပြောကြားပေးသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းတင်ပြခြင်းနှင့် ဌာန၏ဆောင်ရွက်လျက်ရှိ သောလုပ်ငန်းများ ရှင်းလင်းတင်ပြသည်။
နွေရာသီပန်းချီ (အခမဲ့) သင်တန်းသို့ အခြေခံပညာကျောင်းများမှ မူလတန်း/ အလယ်အဆင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ အခြေခံပန်းချီနှင့် အဆင့်မြင့်ပန်းချီရေးဆွဲနည်းကို ပန်းချီပညာရှင်များက သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံပန်းချီသင်တန်းတွင် ကျောင်းသား/ကျောင်းသူ (၅၀) ဦး၊ အဆင့်မြင့်ပန်းချီတွင် ကျောင်းသား/ကျောင်းသူ (၂၀) ဦး တက်ရောက်ကြောင်း ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ မတ်လ ကုန်အထိ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသိရှိရသည်။
ကိုဇွဲ
https://t.me/MyanmarNationalPost
No comments:
Post a Comment