မြင်းခြံတက္ကသိုလ်၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြင်းခြံတက္ကသိုလ်၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ ပြုလုပ်

Uploading: 371712 of 1252074 bytes uploaded.


မြင်းခြံ  ၊ ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြင်းခြံတက္ကသိုလ်ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အခြေခံရှေးဦးပြုစုခြင်း ထူးချွန်ဆုရ သင်တန်းသား/ သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးစမ်းမိုးက ပေးအပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/ သူများအား ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ဝင်းက ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းဖွင့်လှစ်ပေးမှုအတွက် မြင်းခြံတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးနှင့် ဒုတိယပါမောက္ခချုပ် ဆရာမကြီးတို့က ခရိုင်/ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါအခြေခံရှေးဦးပြုစုခြင်းသင်တန်းတွင် သင်တန်းသား/ သူ ၄၁ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလ ၃ ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)