ကျောက်ကြီး ၊ ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်း Grade - 4 ခန်းမတွင် ဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ယုယုမော်တို့ တက်ရောက်အမှာစကားပြောကြားပြီး၊ ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်းအား မေတ္တာဖြင့်သင်ကြားပြသပေးသော ဆရာ/ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုလက်ဆောင် ပစ္စည်းပေးအပ်ခြင်းနှင့် ဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာသင်တန်းတွင်ထူးချွန် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုငွေ၊ ဒိုင်းတံဆိပ်ဆုနှင့် သင်တန်းဆင်းလက်မှတ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကပေးအပ်ပြီး၊ ကျန်အခြေခံပညာမူလတန်းအဆင့်၊ အခြေခံပညာ အလယ်တန်းအဆင့်နှင့် အခြေခံပညာအထက်တန်းအဆင့် သင်တန်းသား/ သင်တန်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီမြှင့်ပေးပြီး၊ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် သံပြိုင်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment