နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှု




တပ်ကုန်း  ၊ ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာအုပ်စုအတွင်း ခရိုင်ချင်းဆက်လမ်း(ဆေး/သု)လမ်းဘေး၊ ချုံနွယ်နှင့် ပလတ်စတစ်အမှိုက်များ ရှင်းလင်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များ၊ ကင်းသာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများ၊ စုစုပေါင်းအင်အား ၇၀ ဦးဖြင့် ထွန်စက်အင်အားအသုံးပြုကာ လမ်းဘေးဝဲ/ယာ အမှိုက်နှင့် ချုံနွယ်များအား ရှင်းလင်းနေမှုများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီးနောက် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

.ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ အေးချမ်းသာစံပြကျေးရွာသို့ရောက်ရှိ၍ ရက်ကန်းစက်ရုံတည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)