ကြံခင်း ၊ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကြံတောအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း(မျောက်ချောကုန်း)တွင် ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် နယ်မြေခံသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြသည်။
ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများအား မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ လျှပ်စစ်မီးမှတစ်ဆင့် မီးလောင်မှုမဖြစ်ရေး၊ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိနိုင်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ အ.ထ.က(မျောက်ချောကုန်း) စာသင်ဆောင်များတွင် မီးသတ်ဆေးဘူးများ စနစ်တကျဆောင်ရွက်ထားရှိမှု၊ ရေလောင်ကန်များထားရှိမှု၊ အသုံးပြုလျက်ရှိသော လျှပ်စစ်မီးကြိုးများ ဆွေးမြေ့ပေါက်ပြဲခြင်း ရှိ/မရှိ၊ မီးခလုတ်များ၊ breaker မိန်းခလုတ်များ ကောင်း/မကောင်းတို့ကိုလည်းကောင်း၊ ကျေးရွာအတွင်း မီးလောင်၊ မီးလန့်မှုများမဖြစ်ပေါ်စေရေး မီးချိတ်မီးကတ်၊ သဲပုံး၊ ရေပုံးနှင့် မီးဖိုများအား စနစ်တကျထားရှိရေးတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment