ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဩသဓာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဩသဓာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင် အခမ်းအနားကျင်းပ


Uploading: 1015250 of 2660858 bytes uploaded.


ညောင်တုန်း   ၊ ဖေဖော်ဝါရီ  ၂၃

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်၊ ညောင်တုန်းမြို့၊  ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဩသဓာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ဦးစွာ  ဆရာတော်သံဃာတော် အရှင်သူမြတ်များအမှူးပြုသော ပရိသတ်အားလုံးက “သဗ္ဗေသင်္ခါရာ အနိစ္စာတိ" အစချီသောဂါထာတော်ကို ရွတ်ဆိုကာ သံဝေဂဉာဏ်ပွားများ၍ အခမ်းအနားကိုဖွင့်လှစ် ခဲ့ပြီးနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုစိတ္တထံမှ  ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိန်ကတ္တီပါအား လွှမ်းခြုံပူဇော်ခဲ့ကြသည်။ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားတော် မူရပါကြောင်းသဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးဆောင်ဆရာတော် ဘဒ္ဒန္တသီဟနာဒကလည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက လည်းကောင်း၊ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဓမ္မစေတီ ဆရာတော် ဘဒ္ဒန္တကောသလ္လက ဖတ်ကြားပူဇော် ခဲ့ပြီးနောက်  ရှစ်ဆယ်ပေါ်တေးထပ်ကို ကံ့ကော်တေးနုယဉ်အဖွဲ့မှ တေးသံရှင်နှင့်  စောင်းပညာရှင်တို့က တွဲဖက်ပူဇော်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အရှင်သူမြတ်က မရဏာနုဿတိဘာဝနာတရားနှင့် ရေစက်ချ ဓမ္မသံဝေဂ အမျှပေးဝေခဲ့သည်။ 

ဆက်လက်၍ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ မြန်အောင်မြို့၊ ဆန်နီချောင်ကျောင်းဆရာတော်ဘဒ္ဒန္တကောဝိဒ အရှင်သူမြတ်က သံဝေဂဂီတိဂါထာတော်ကိုလည်းကောင်း၊  ရန်ကုန်မြို့၊ သုကာရီကျောင်းဆရာတော် ဘဒ္ဒန္တဝိဇောတိဝံသ အရှင်သူမြတ်ကပစ္ဆိမ၀န္ဒနာဂါထာကိုလည်းကောင်း ပူဇာ်ခဲ့ပြီးနောက်  ပစ္ဆိမဝန္ဒနာ ပန်လျှောက်လွှာရတုကို ကံ့ကော်တေးနုယဉ်အဖွဲ့မှ တေးသံရှင်နှင့်  စောင်းပညာရှင်တို့က တွဲဖက်၍ ပူဇော်ခဲ့သည်။ယင်းနောက် ညောင်တုန်းမြို့၊ ဈေးကျောင်းတိုက်မှ ဦးဉာဏာစာရ အရှင်သူမြတ်က အပြစ်ရှိက သည်းခံခွင့်လွှတ်တော်မူပါရန် ဝန်ချတောင်းပန်ကန်တော့လွှာကို တပည့်သံဃာ၊ ဒါယကာ ဒါယိကာမများအား ရှေ့မှတိုင်ကြားပေး၍ နောက်ဆုံးကန်တော့တောင်းပန်လျှောက်ထားခဲ့ကာ ကရဝိတ်ဖောင်တော်ဖြင့် လောင်တိုက်တော်သို့လိုက်ပါ ကြွချီတော်မူပါရန် တောင်းပန်လျှောက်ထားသော အဘိယာစက နိမန္တနဂါထာကို ညောင်တုန်းမြို့၊ ဈေးကျောင်းမှ အရှင်ဓမ္မဝရက လျှောက်ထားပင့်ဆောင်၍က လျှောက်ထားပင့်ဆောင်၍ သာဓု(၃)ကြိမ် ခေါ်ဆိုပြီးသည်နှင့်တစ်ပြိုင်နက် လောင်တိုက်တော်သို့ သာသနာ့အလံကိုင်၊  ဆရာတော်ပုံတော်နှင့် ဘွဲ့တံဆိပ်တော် အဆောင်အယောင်ကိုင်၊  ထီးဖြူကိုင်၊ တပည့်သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဈာပနကျင်းပရေး ကော်မတီဝင်များ၊ ဆွေတော်မျိုးတော်များနှင့် တပည့်ဒါယကာဒါယိကာမများက ပင့်ဆောင်ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ လောင်တိုက်တော်တွင် သံဃာတော်များ၊ ပရိသတ်များက နေရာယူကြပြီးနောက် ဆရာတော် သံဃာတော်များ အမှူးပြုသော ပရိသတ်အားလုံးက“ အနိစ္စာဝတ သင်္ခါရာ” အစရှိသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများကာ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန မီးပူဇော်ခဲ့ကြပြီး ဆရာတော်ကြီး၏ အရိုးတော်၊ ပြာတော်များကို ရတနာရွှေအိုး၊ ငွေအိုးတို့တွင်ထည့်သွင်းပူဇော်၍ မော်တော်ယာဉ်တန်းများဖြင့် ပင့်ဆောင်လျက် ရေယာဉ်ဖြင့် ဆက်လက်ပင့်ဆောင်ကာ ပန်းလှိုင်မြစ်အတွင်းသို့ ဥဒကပဝါဟန ရေမျှောပူဇော်ခဲ့ပြီး အခမ်းနားပြီး‌မြောက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)