လွမ်းတေးဆက်ဆို မန္တလေးတက္ကသိုလ်ပန်းချီပြပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လွမ်းတေးဆက်ဆို မန္တလေးတက္ကသိုလ်ပန်းချီပြပွဲ ကျင်းပ


မန္တလေး၊ ဖေဖော်ဝါရီ  ၉

မန္တလေးတက္ကသိုလ် ဘူမိဗေဒကျောင်းသားဟောင်း  ပန်းချီမျိုးသက်၏ မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်ကို ဂုဏ်ပြုသောအားဖြင့် “လွမ်းတေးဆက်ဆို  မန္တလေးတက္ကသိုလ်”အမည်ရှိ  တစ်ကိုယ်တော်ရေဆေး ပန်းချီပြပွဲကို ချမ်းအေးသာစံမြို့နယ် နမ္မတီပန်းချီပြခန်း၌ ဖေဖော်ဝါရီလ ၆ ရက်မှ ၈ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသခဲ့သည်။

လွမ်းတေးဆက်ဆို မန္တလေးတက္ကသိုလ်ပန်းချီပြပွဲတွင် မန္တလေးမြို့မှ မျိုးဆက်သစ်ပန်းချီဝါသနာရှင်မျိုးသက်၏ မန္တလေးတက္ကသိုလ်၏ ပုံရိပ်ပန်းချီကားများ ပြသထားပြီး ပန်းချီကားများတွင်၁၅ လက်မ၊ ၂၂ လက်မအရွယ် ရေဆေးပန်းချီကားများပါဝင်သည်။

ပန်းချီပြပွဲတွင်မန္တလေးတက္ကသိုလ်ဘူမိဗေဒပါမောက္ခ(ငြိမ်း)ဒေါက်တာမြင့်သိန်း၊ စာရေးဆရာဆူးငှက်၊  ပန်းချီဆရာမ  ခင်နန်းဆန်တို့က အမှာစကားပြောကြားကြသည်။

အဆိုပါပြပွဲသို့  မန္တလေးမြို့မှ ပန်းချီအနုပညာချစ်မြတ်နိုးသူများ၊ မန္တလေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)နှင့်ပန်းချီ၊ ပန်းပုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။               


မောင်ပြည်သူ(မန္တလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)