အမေရိကန်က အီရန်နိုင်ငံထဲကို စတားလင့်ခ် ဂြိုလ်တုဖုန်း ၆ထောင်လောက် ခိုးသွင်းခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်က အီရန်နိုင်ငံထဲကို စတားလင့်ခ် ဂြိုလ်တုဖုန်း ၆ထောင်လောက် ခိုးသွင်းခဲ့



ဖေဖော်ဝါရီ - ၁၃ ( သောကြာနေ့ ) 

မနှစ်က ဒီဇင်ဘာလ ကနေစပြီး ဒီနှစ်ဇန်နဝါရီလအထိ အီရန်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်း ကာလအတွင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အစိုးရက စတားလင့်ခ် ဂြိုလ်တုအင်တာနက်စက် ၆၀၀၀ ခန့်ကို အီရန်နိုင်ငံအတွင်းသို့ လျှို့ဝှက်စွာခိုးသွင်းခဲ့ကြောင်း ဝေါ်စထရိဂျာနယ်က ဖော်ပြခဲ့ပါတယ်။ 

အဓိကရုဏ်းမှာ နိုင်ငံခြားစွက်ဖက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇန်နဝါရီလအစမှာ အီရန်အစိုးရက ပြည်တွင်း အင်တာနက် ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ပြီးနောက် အမေရိကန် အကြီးတန်း အရာရှိများက နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ရန်ပုံငွေ ထောက်ပံ့မှု ပါဝင်တဲ့ စတားလင့်ခ် ခိုးသွင်းတဲ့ စစ်ဆင်ရေးကို စတင်လိုက်တာပါပဲ။ အဲ့ဒိစစ်ဆင်ရေးမှာ ပါဝင်တယ်လို့ ဆိုတဲ့ အမည်မဖော်ပြလိုတဲ့ အရာရှိတစ်ဦးက ဖောက်ချလိုက်ပေမဲ့ ထရမ့်အစိုးရကတော့ အတည်ပြုခြင်း မရှိသေးပါဘူး။ 

အီရန်နိုင်ငံမှာ ဒေသသုံးငွေကြေး ရီယယ် ဈေးနှုန်း ထိုးကျခြင်းနဲ့ စီးပွားရေးကျပ်တည်းဖြစ်ပေါ်နေမှုအပေါ် ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအား ဒီဇင်ဘာလတွင် စတင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ အစ္စရေးတို့က ဆူပူအုံကြွမှုများ ဖြစ်စေရန်သွေးထိုးခဲ့တယ်လို့ အီရန်အာဏာပိုင်များက စွပ်စွဲခဲ့ပါတယ်။ ဆန္ဒပြမှုတွေကနေတစ်ဆင့် ကျယ်ပြန့်သော အကြမ်းဖက်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။  လုံခြုံရေးဝန်ထမ်း ၇၀၀ နီးပါး အပါအဝင် အရပ်သားစုစုပေါင်း လူ ၃၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာဂရက်ချီ က ပြောပါတယ်။ 

အီရန်သမ္မတ မာဆွတ် ပီဇီရှကီရန် က ဆန္ဒပြလူအုပ်များအတွင်း “နိုင်ငံခြားအကြမ်းဖက်သမားများ” ကို မြှုပ်နှံထားတယ်လို့ အမေရိကန်နှင့် အစ္စရေးတို့ကို စွပ်စွဲထားပြီး “IS အကြမ်းဖက်သမားတွေနဲ့ တူတဲ့” နည်းဗျူဟာများသုံးခဲ့ကြတယ်လို့ အီရန်သံတမန်သတင်းရင်းမြစ်မှာ ဖော်ပြခဲ့ပါတယ်။ အုံကြွမှု ဖြစ်စဉ်ထဲမှာ ဥပဒေအရာရှိများနှင့် အရပ်သားများကို အရှင်လတ်လတ် မီးရှို့သတ်ပစ်ခြင်းတွေ ပါဝင်ခဲ့ပါတယ်။ 

ဆူပူအုံကြွမှုကြီးမြင့်လာချိန်တွင် Trump သည် “ငြိမ်းချမ်းသော” အီရန်ဆန္ဒပြသူများကို ပေါ်ပေါ်ထင်ထင် အားပေးပြီး သူ့ရဲ့ထရုသ်ဆိုရှယ်မီဒီယာအကောင့် တွင် “အီရန်မျိုးချစ်များအားလုံး၊ ဆက်လက်ဆန္ဒပြကြပါ။ ဖြစ်နိုင်လျှင် သင်တို့ရဲ့ အစိုးရအဖွဲ့အစည်းများကို သိမ်းပိုက်ပါ” ဆိုပြီး ရေးတင်ခဲ့ပါတယ်။ 

အမေရိကန် နိုင်ငံခြားရေးဌာနက အီရန်သို့ VPN ဝန်ဆောင်မှုပေးသူများအပါအဝင် “အင်တာနက်လွတ်လပ်ခွင့်” လို့ခေါ်တဲ့ ကိရိယာမျိုးစုံကို ပံ့ပိုးပေးခဲ့ပါတယ်။ Starlinks ကို ဝယ်ယူရန်အတွက် ဌာနက ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း ၂၀ မှ ၃၀ ခန့် သုံးခဲ့ပြီး အီရန်နိုင်ငံသားများ အွန်လိုင်းကို ဆက်လက်သုံးစွဲလို့ရအောင် ကူညီပေးခဲ့ပါတယ်။ 


REF: RT

#MNP #News 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)