ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP)က သောင်ပြိုကမ်းပြို နိုင်သွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP)က သောင်ပြိုကမ်းပြို နိုင်သွား


ဖေဖော်ဝါရီ - ၁၃ ( သောကြာနေ့ ) 

ဒီအပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ ဘင်္ဂလာဒေ့ရှ်ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) က အထွေထွေ ရွေးကောက်ပွဲရဲ့ သုံးပုံနှစ်ပုံ အများစု အနိုင်ရခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းများအရ သိရပါတယ်။ 

BNP ပါတီ က အမတ်နေရာ ၂၀၄ နေရာ၊ ဂျမာအက်ပါတီ က  အမတ်နေရာ ၇၆ နေရာ ရရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရပါတယ်။ ပါလီမန်အမတ် ၃၀၀ တွင် အများစုမှာ ၁၅၁ နေရာဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ကို ဖြုတ်ချခဲ့တဲ့ ၂၀၂၄ ခုနှစ် လူထုအုံကြွမှုအပြီး ပထမဆုံး ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဥပဒေပြု အမတ်များ ရွေးကောက်ပွဲနှင့် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အဆိုပြုတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဝန်ကြီးချုပ်ရာထူးက သက်တမ်းနှစ်ရပ်ပဲရှိရမယ်ဆိုတဲ့ ကန့်သတ်ချက် အပါအဝင် အချက်အလက်တွေကို အများစုနိုင်တဲ့ ပါတီက လက်ခံရရှိခဲ့ပါတယ်။ နောက်ဆုံးရလဒ်ကို မကြေညာရသေးပါဘူး။

မဲဆန္ဒနယ် ၃၀၀ တွင် ၂၉၉ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တာရစ်ကေးရာမန် ဦးဆောင်သော BNPပါတီ  အောင်ပွဲခံခဲ့ပြီး လွှတ်တော်ကို ဦးဆောင်မှာပါ။ လွှတ်တော်မှာ ရွေးကောက်ပွဲဝင် ပါတီများမှ အမည်ပေးထားတဲ့ အမျိုးသမီးများ အတွက် နောက်ထပ် ထိုင်ခုံ ၅၀ ကို သီးသန့်ထားရှိပါတယ်။ 

ဘင်္ဂလားဒေ့ရှ်တွင် မှတ်ပုံတင်ထားသည့် မဲပေးသူ ၁၂၇ ဒသမ ၇ သန်းရှိပြီး၊ ၅၆ သန်း (မဲဆန္ဒရှင်များ၏ 44% ဝန်းကျင်) သည်အသက် ၁၈ မှ ၃၇ နှစ်များဖြစ်ပါတယ်။ ၅သန်းနီးပါးက ပထမဆုံးအကြိမ်မဲရုံသို့ သွားပေးခဲ့ကြပါတယ်။ 

အိန္ဒိယ၀န်ကြီးချုပ် မိုဒီ က ရာမန်ရဲ့အောင်ပွဲအတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ "ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါလီမန်ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသားအနိုင်ရရှိအောင် BNP ကို ဦးဆောင်နိုင်ခဲ့တဲ့အတွက် မစ္စတာ တာရစ်ကေးရာမန် ကို နွေးထွေးစွာဂုဏ်ပြုပါတယ်"လို့  မိုဒီက အိတ်စ်ဆိုရှယ်မီဒီယာ ပို့စ်တွင်ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)