တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး








ထားဝယ်၊ ဖေဖော်ဝါရီ  ၁၄

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၂) အခြေခံ ပညာအထက်တန်း ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ် ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ် ငန်း ဆောင်ရွက်နေမှုအခြေ အနေများအားကြည့်ရှုစစ် ဆေးသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကိုလှည့်လည်၍ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်း အနောက်ဘက်ရှိမြေနေရာတွင်ကျောင်းသား/သူများအတွက် ဘောလုံးအားကစားကွင်းတည်ဆောက်ပြီးစီးနေမှုနှင့် ကျောင်း အားကြည့်ရှုစစ်ဆေးကာ ကျောင်း၏ လိုအပ်ချက်များကိုသက် ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေး သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်းသူနာပြု သင်တန်း သား/သူများအတွက်လိုအပ်လျက်ရှိသော မီးဖိုဆောင်(၃၀’×၂၀’×၂၀’)     ဆောက်လုပ်ပြီးစီးနေမှုနှင့်ချက်ပြုတ် ကျွေးမွေးသည့်နေရာများ၊ စားသောက်ဖွယ်ရာများစီမံဆောင်ရွက်ထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ပြည်သူများအနေဖြင့် နေ့စဉ်ကြုံတွေ့နေရသည့် ဘေးဒုက္ခအန္တရာယ်များအား ခေတ်နှင့်အညီ ITနည်းပညာအသုံးပြု၍ မီးသတ် ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်း ပေးပို့အကူအညီတောင်းခံနိုင်ရန်၊ အကူအညီတောင်း ခံလာ  သည့်သတင်းပေးပို့ ချက်များအား မီးသတ်ဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီတုန့်ပြန်ဆောင် ရွက်နိုင်ရန်၊မီးသတ်ဦးစီး ဌာန၏ ပြည်သူ့ဝန်ဆောင် မှုလုပ်ငန်းများအား အားကိုးယုံကြည်မှုရရှိနိုင်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်ရာတွင် IT နည်းပညာဖြင့် အထောက်အကူဖြစ်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် တနင်္သာရီ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် ICT နည်းပညာအသုံးပြုဝန်ဆောင်မှု စနစ်များအားတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင်Command and Control Center အားတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနတွင် စတင်အသုံးပြုခဲ့ကြောင်းနှင့် ICT နည်းပညာအသုံးပြုဝန်ဆောင်မှုစနစ်များ အကြောင်း နှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကိုလမ်းညွှန်မှာကြားသည်။

ဆက်လက်၍ မကြာမီကာလအတွင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ပြုလုပ်ကျင်းပမည်ဖြစ်သောကြောင့် လွှတ်တော်အစည်းအဝေးအဆင်သင့်ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုက လွှတ် တော်ရုံးအဆောက်အဦ ပုရဝုဏ်အတွင်း၊ အပြင်သန့်ရှင်းသပ်ရပ်စနစ်တ ကျရှိစေရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လွှတ်တော်ကိုယ်စားလှယ်များနားနေဆောင်များ၌ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လွှတ်တော်ရုံး အစည်းအဝေးခန်းမ၊ ဆွေးနွေးပွဲ ခန်းမ၊ ဧည့်ခန်းမ၊ နားနေခန်းအားလှည့်လည်ကြည့်ရှုပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က လွှတ်တော်ရုံးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာလှပစေရေးဆောင်ရွက်ပေးကြရန်၊ မကြာမီကာလအတွင်း လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပမည်ဖြစ်သဖြင့် လိုအပ်သည်များကိုကြို တင်ပြင် ဆောင်ရွက်ထားရှိကြရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ကျော်ကျော်လတ်

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)