အစ္စရေးက ဂျီနိုဆိုက် လုပ်တယ်ဆိုပြီး မှတ်ချက်ပေးတဲ့ ကုလ သတင်းထောက်ကို အလုပ်ဖြုတ်ဖို့ ပြောတဲ့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးကို တရားစွဲဖို့ လုပ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစ္စရေးက ဂျီနိုဆိုက် လုပ်တယ်ဆိုပြီး မှတ်ချက်ပေးတဲ့ ကုလ သတင်းထောက်ကို အလုပ်ဖြုတ်ဖို့ ပြောတဲ့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးကို တရားစွဲဖို့ လုပ်နေ


ဖေဖော်ဝါရီ - ၁၄ ( စနေနေ့ ) 

ကုလသမဂ္ဂ ပါလက်စတိုင်းအခွင့်အရေးကိုယ်စားလှယ် ဖရန်ဆက်ကာ အယ်လ်ဘန်နီစ် အား အစ္စရေးနှင့် ပတ်သက်တဲ့မှတ်ချက်တွေအပေါ်  ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်နိုဝယ်ဘာရော့ က စွပ်စွဲပြောဆိုမှုတွေ လုပ်ခဲ့လို့ ရှေ့နေများအသင်းက တရာစွဲဆိုဖို့ လုပ်နေကြပါတယ်။ 

အယ်လ်ဘန်နီစ် က အစ္စရေးကို လူသားမျိုးနွယ်ရဲ့ဘုံရန်သူဟု ယခုသီတင်းပတ်တွင် စွပ်စွဲခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ အစ္စရေးနိုင်ငံကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ပါတယ်။ မကြာသေးမီက ဒိုဟာတွင် ပြုလုပ်ခဲ့သော သူမ၏ မှတ်ချက်မှာ ပါလက်စတိုင်းတွင် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်စေတာက စနစ်တစ်ခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သူမက အစ္စရေးနိုင်ငံ နဲ့ လူမျိုးတွေကို အရှက်ရဖွယ် အသရေဖျက်မှုအဖြစ် ရည်ညွှန်းခဲ့တာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။  

အယ်လ်ဘန်နီစ်ရဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘာရော့က သူမကို ရာထူးကနေထွက်ပေးဖို့အတွက် ပြောခဲ့သလို သူ့ကို သံယောင်လိုက်ပြီး ဂျာမနီ နဲ့ ချက် နိုင်ငံခြားရေးဝန်ကြီးတွေကလည်း ပြောခဲ့ပါတယ်။ 

ကြာသပတေးနေ့ကတော့ နိုင်ငံတကာဥပဒေလေးစားမှုဆိုင်ရာရှေ့နေများအသင်း (JURDI) က ဘာရော့ ကို တရားဝင်တိုင်ကြားမှုလုပ်ခဲ့ပြီး ၎င်းရဲ့ထုတ်ပြန်ချက်များက “သတင်းမှားများဖြန့်ဝေခြင်း” ကိုကိုယ်စားပြုကာ ကုလသမဂ္ဂယန္တရားများရဲ့လွတ်လပ်မှုကို ထိခိုက်စေသလို ပြင်သစ်ဥပဒေအရ ရာဇဝတ်မှုကျူးလွန်မှုနဲ့ ငြိနေကြောင်း ပြောခဲ့ပါတယ်။ 

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် အဂ်နတ်စ်ကော်လာမက် က အယ်လ်ဘန်နီးစ် ရဲ့ “အရေးကြီးသော အလုပ်” ကို ခုခံကာကွယ်ခဲ့ပြီး လွတ်လပ်သော ကုလသမဂ္ဂ ကျွမ်းကျင်သူများ အပေါ် နိုင်ငံရေးအရ ဖိအားများကို ရှောင်ရှားရန် သတိပေးခဲ့ပါတယ်။ 

ကုလသမဂ္ဂဆိုင်ရာ တရားရေးအရာရှိများနှင့် သတင်းထောက်များက ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်းမှ အာရုံလွှဲစေတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများနှင့် သတင်းမှားများ တိုးများလာနေကြောင်း ပြောရေးဆိုခွင့်ရှိသူ က သတိပေးခဲ့ပါတယ်။ 

အယ်လ်ဘန်နီးစ်သည် ယခင်က ဂါဇာရှိ အစ္စရေးရဲ့စစ်ပွဲကို “လူမျိုးတုံးသတ်ဖြတ်မှု” လို့ တံဆိပ်ကပ်ခဲ့ပြီး အစ္စရေးကို လက်နက်ကုန်သွယ်မှု သဘောတူညီချက်များကို အလုံးစုံ ပိတ်ပင်တားမြစ်ရန် တောင်းဆိုခဲ့ပါတယ်။ သူမကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီး ဘက်လိုက်မှုနှင့် ဂျူးဆန့်ကျင်ရေးတွေ လုပ်နေတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)