ဖေဖော်ဝါရီ - ၁၄ ( စနေနေ့ )
မကြာသေးမီက အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ရဲ့ တရုတ် စစ်သားတွေကို ရည်ရွယ်တဲ့ စစ်သားစုဆောင်းရေး ကြော်ငြာထွက်ပေါ်လာပြီးနောက် နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ စိမ့်ဝင်မှုနဲ့ ဖြိုခွင်းမှုကို တိုက်ဖျက်ဖို့ တရုတ်နိုင်ငံက လိုအပ်သမျှ အစီအမံတွေအကုန် လုပ်ဆောင်သွားမယ်လို့ ဘေဂျင်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။
ကြာသပတေးနေ့က စီအိုင်အေ ယူကျူ့ အကောင့်တွင် လွှင့်တင်ထားသော မန်ဒရင်ဘာသာစကား ဗီဒီယိုက တရုတ်ထိပ်တန်းခေါင်းဆောင်များအကြောင်း သို့မဟုတ် ထိလွယ်ရှလွယ်တဲ့ စစ်ရေး သို့မဟုတ် နည်းပညာနယ်ပယ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပေးနိုင်ရင် ရယူလိုကြောင်း အရာရှိများနှင့် တပ်ဖွဲ့များအား တိုက်တွန်းထားပါတယ်။
“နိုင်ငံခြားရေး တပ်ဖွဲ့တွေရဲ့ စိမ့်ဝင်မှုနဲ့ ဖြိုခွင်းမှု တွေကို ပြတ်ပြတ်သားသား တိုက်ဖျက်ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ပြတ်ပြတ်သားသား ကာကွယ်သွားမှာပါ” လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း က သောကြာနေ့တွင် သတင်းထောက်များအား စီအိုင်အေ ဗီဒီယိုနဲ့ ပတ်သက်တဲ့အကြောင်း မေးမြန်းစဉ် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
ဘေဂျင်းအစိုးရက စစ်တပ်ထဲမှာ ရာထူးအမြင့်ဆုံးထဲမှာပါတဲ့ ဗိုလ်ချုပ်ကြီး ကျောင်ယူရှား အား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီးနောက် သီတင်းပတ်များအကြာတွင် အဆိုပါ ကြော်ငြာ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment