အောင်လံမြို့၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလအသင်း၏ စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလအသင်း၏ စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနား ကျင်းပ


Uploading: 1115136 of 3319059 bytes uploaded.


အောင်လံ   ၊ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်ဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များ သာသနာ့တာဝန်ကို ပိုမိုထမ်းဆောင်နိုင်စေရန်နှင့် ပရိယတ္တိစာပေများ ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလအသင်းကြီးမှ ကြီးမှူးကျင်းပသော (၂၃) ကြိမ်မြောက် စာအောင်ဆုနှင်းသဘင်နှင့် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်လံမြို့၊ ကျောင်းစုရပ်ကွက်၊ ပြည်လမ်းရှိ အေးစေတီဘုရားတန်ဆောင်းတော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်လုံးဆိုင်ရာပရိယတ္တိသာသနပါလအသင်းကြီး၏ ဥက္ကဋ္ဌဆရာတော် မြဝတီကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ဩဝါဒါနုသာသနတရားများ နာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော စာအောင်သံဃာတော်များနှင့် ဧည့်သည်တော်များက စခန်းသာကျောင်းတိုက်ဆရာတော်ဘုရာကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ပရိယတ္တိသာသနပါလအသင်းကြီး၏ဥက္ကဋ္ဌ ဦးမြင့်လွင်က အသင်းကြီး၏ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းလျှောက်ထားခဲ့ပြီး ယခုနှစ် (၂၃) ကြိမ် မြောက် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သံဃာတော် (၁၄) ပါးနှင့် သီလရှင် (၆) ပါး၊ စုစုပေါင်း အရှင်မြတ် (၂၀) ပါးတို့အား စာအောင်ဆုနှင့် အောင်လက်မှတ်များကို တာဝန်ရှိသူများက ရိုသေစွာ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ဝိသုဒ္ဒါရုံသာသနပြုစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုမနသာရထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် တာဝန်ရှိသူများ၊ အသင်းသူ/အသင်းသားများနှင့် စေတနာရှင်၊ အလှူရှင်များ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)