တောင်ကြီးမြို့၌ ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန်အတွက် EOI အဆိုပြုလွှာ စီစစ်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့၌ ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန်အတွက် EOI အဆိုပြုလွှာ စီစစ်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ


တောင်ကြီး  ၊ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန်အတွက် EOI အဆိုပြုလွှာစီစစ်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အစည်းဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက EOI ခေါ်ယူခဲ့မှု အခြေအနေများအားရှင်းလင်းတင်ပြသည်။ ထို့နောက် ကုမ္ပဏီမှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြရာတင်ပြမှုများအပေါ် EOI ကော်မတီဝင်များက အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ အဆိုပြုလွှာကို ဖွင့်ဖောက်စစ်ဆေးပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မင်းသန့် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)