ပေါင်းတည်၌ နွေစပါး ဧကတစ်သောင်းလေးထောင်ကျော် စိုက်ပျိုးပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်၌ နွေစပါး ဧကတစ်သောင်းလေးထောင်ကျော် စိုက်ပျိုးပြီးစီး


ပေါင်းတည်  ၊ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုနှစ်နွေစပါးရာသီတွင် ဧက၂၆၅၀၀ လျာထားစိုက်ပျိုးလျက်ရှိကြောင်း၊ ယနေ့အထိ ၁၄၅၈၄ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့အနေဖြင့် နွေစပါးအောင်မြင်စွာဖြစ်ထွန်းနိုင်ရေးအတွက် စိုက်ပျိုးရေးကြီးကြပ်ဝန်ထမ်းများအား ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်စေလျက် အထွက်နှုန်းကောင်းမွန်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်‌ဆေး အား‌ပေးလျက်ရှိကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင်ဒေသခံတောင်သူများအ‌နေဖြင့် နွေစပါးကို အခက်အခဲမရှိ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေလုံ‌လောက်စွာ ရရှိရန်၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေသြဇာများကို စနစ်တကျ အချိုးကျသုံးစွဲနိုင်ရန် ကြီးကြပ်ဆောင်ရွက်ပေးခြင်းများအပြင် မျိုးကောင်းမျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ နွေစပါးပန်းတိုင်အထွက်နှုန်းသတ်မှတ်ချက် တစ်ဧကလျှင် တင်း၁၁၀နှင့်အထက်ပြည့်မီကျော်လွန်စွာ ထွက်ရှိနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)