ရုရှားဘောလုံးသမားတွေကို ပိတ်ထားတာက စိတ်ပျက်စရာကလွဲလို့ ဘာမှမရဘူးလို့ ဖီဖာ ဥက္ကဌပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားဘောလုံးသမားတွေကို ပိတ်ထားတာက စိတ်ပျက်စရာကလွဲလို့ ဘာမှမရဘူးလို့ ဖီဖာ ဥက္ကဌပြော


ဖေဖော်ဝါရီ - ၃ ( အင်္ဂါနေ့ ) 

ရုရှားဘောလုံးလောကကို ပိတ်ပင်လိုက်တာဟာ မလိုလားအပ်တဲ့ စိတ်ပျက်စရာကလွဲလို့ ဘာမှမဖြစ်ခဲ့ဘူးလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ( ဖီဖာ ) ဥက္ကဋ္ဌ အင်ဖန်တီနို က တနင်္လာနေ့ကထုတ်လွှင့်ခဲ့တဲ့ Sky News သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ အားကစားနှင့် နိုင်ငံရေးသည် သီးခြားဖြစ်သင့်တယ်လို့ ၎င်းက ဆိုပါတယ်။ 

၂၀၂၂ ရုရှာ - ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် ရုရှားနှင့် ဘီလာရုစ်အားကစားသမားများ အပါအဝင် အားကစားအဖွဲ့ချုပ်တွေကို ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဥရောပဖလားပြိုင်ပွဲတွေနဲ့ အိုလံပစ်ပြိုင်ပွဲတွေ လို နိုင်ငံတကာပြုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ 

အင်ဖန်တီနိုက "ပိတ်ပင်မှုများကို ဆန့်ကျင်သည်" နှင့် "သပိတ်မှောက်မှုများကိုလည်း ဆန့်ကျင်သည်" ဟု အလေးပေးပြောကြားခဲ့ပြီး ၎င်းတို့သည် မည်သည့်အရာကိုမှ ယူဆောင်လာခြင်းမရှိသလို ပိုမိုမုန်းတီးမှုတွေကို ပဲ ဖြစ်စေခဲ့တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။ 

ရုရှားအသင်းကို ဖီဖာက ပိတ်ပင်ထားမှုကို ရုတ်သိမ်းသင့်သလားလို့ အင်ဖန်တီနိုအား မေးမြန်းရာတွင် ရှင်းရှင်းလင်းလင်း ဖြေခဲ့ပါတယ်။ “ကျနော်တို့ လုပ်ကိုလုပ်ရမယ့် အချက်တစ်ခုပါ၊ အနည်းဆုံးတော့ လူငယ်အဆင့်လောက်ကိုတော့ ပြိုင်ပွဲတွေမှာ ဝင်ခွင့်ပြုသင့်တာပေါ့။ အခုလိုတားမြစ်ချက်တွေ လုပ်တော့ရော ဘာထူးခြားလာလဲ၊ ဘာအောင်မြင်မှုတွေ ရသွားလို့လဲ” လို့ ပြောပါတယ်။ ကန့်သတ်ချက်တွေက “ပို၍စိတ်ပျက်စရာနှင့် မုန်းတီးမှုကိုသာ ဖန်တီးပေးနေတယ်” လို့ သူက ထပ်လောင်းပြောပါတယ်။ 

နိုင်ငံတကာ အားကစားအဖွဲ့ချုပ်တွေက ရုရှားအားကစားသမားများအား ကန့်သတ်မှုများ ပိုမိုကျယ်ပြန့်လာချိန် တွင် အင်ဖန်တီနိုရဲ့ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းတွင် နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က  ရုရှား၊ ဘီလာရုစ် နှစ်နိုင်ငံလုံးမှ လူငယ်အားကစားသမားများအား ၎င်းတို့ရဲ့ နိုင်ငံတော်အလံအောက်တွင် ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ပါတယ်။ 

ရုရှားအားကစားဝန်ကြီးနှင့် အိုလံပစ်ကော်မတီအကြီးအကဲ က ရုရှားအငယ်တန်း အလေးမသမားများအား ၎င်းတို့ရဲ့ နိုင်ငံတော်အလံအောက်တွင် နိုင်ငံတကာပွဲများတွင် စတင်ယှဉ်ပြိုင်ခွင့်ရှိကြောင်း ပြီးခဲ့သည့်လက ကြေညာခဲ့ပါတယ်။


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)