မဲလိမ်မဲခိုးမှုတွေကြောင့် တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ အကြမ်းဖက်အဖွဲ့များအဖြစ် အသွင်ပြောင်းခဲ့တဲ့ CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့ကို ဦးဆောင်ကြသူတွေဟာ ပြည်ပြေး ဝရမ်းပြေးတွေသာ များပါတယ်။
စတင်သန္ဓေတည်ကတည်းက မမှန်ကန်သော ရပ်တည်ချက်မျိုးကို မြင်တွေ့နိုင်ပါတယ်။ CRPH, NUG ဆိုတာကို ပြည်တွင်းမှာ ရှိနေကြစဉ်က အသံကျယ်ကျယ် မထွက်ရဲပါဘူး။ ပြည်ပကို အလျှိုလျှိုထွက်ပြေးပြီးကာမှ CRPH, NUG ဆိုတဲ့အသံထွက်လာပြီး ပြည်တွင်းမှာ ကျန်ခဲ့တဲ့ NLD လွှတ်တော်အမတ်ဟောင်းတချို့က နီပိန်းလူငယ်များကို စည်းရုံးသိမ်းသွင်းပြီး PDF ဆိုတာတွေ ဖြစ်လာခဲ့ပါတယ်။
အကျဉ်းချုပ်အားဖြင့် ပြောရင် ပြည်ပြေး ဝရမ်းပြေးတွေဟာ ပြည်သူလူထုကို အကြောက်တရားနဲ့ လွှမ်းမိုးနိုင်ဖို့ ပြည်ပက ပေးတဲ့ ငွေကြေးအထောက်အပံ့ကို ကိုင်ထားပြီး မင်းကိုနိုင်ကလည်း ပြည်တွင်းမှာ ရှိနေတဲ့ သူ့ရဲ့လက်ပါးစေ အကြမ်းဖက်အဖွဲ့ကို လူသတ်နိုင်ရင် ဘယ်လောက်၊ ဖောက်ခွဲရေးလုပ်နိုင်ရင် ဘယ်လောက် ဒီလိုနဲ့ အဖျက်အမှောင့် လုပ်ငန်တွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ မင်းကိုနိုင်ရဲ့ လက်ပါးစေ အကြမ်းဖက်လှုပ်ရှားတဲ့အဖွဲ့ ရှိသလို ဇော်ဝေစိုး၊ မျိုးရန်နောင်သိန်း တို့ရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေကလည်း လူသတ်ပြီး ငွေရှာ၊ ဖောက်ခွဲရေးလုပ်ငန်းတွေလုပ်ပြီး ပြည်ပြေးတွေဆီက ငွေတောင်းကြတယ်။ ဒါကို တော်လှန်ရေးလို့ အသံကောင်းဟစ်ခဲ့ကြတယ်။ "တော်လှန်ရေး" ဆိုတဲ့ ဝေါဟာရရဲ့ ကြီးမြတ်မှုဟာ သူတို့တွေ လက်ထက်ကြမှပဲ ယုတ်နိမ့် သေးသိမ်တဲ့ အခြေအနေမျိုးကို ရောက်ရှိသွားခဲ့ရပါတယ်။
ပြည်ပြေး ဝရမ်းပြေးတွေရဲ့ ရဟန်းရှင်လူပြည်သူလူထုအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်တွေကြောင့် NLD ကို ထောက်ခံအားပေးခဲ့သူများပင် CRPH, NUG, PDF ဆိုတာတွေကို ရွံမုန်းလာကြပါတယ်။ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ယုတ်မာရိုင်းစိုင်းရာမှာ မည်သူမည်ဝါ မခွဲခြားပါဘူး။ NLD ရဲ့ အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီဝင်တွေကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသလို အမျိုးသားရေးသမားတွေကိုလည်း အလွတ်မပေးပါဘူး။ ဆရာ/ ဆရာမတွေကို ရက်စက်စွာ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြသလို သံဃာတော်များကိုပင် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ရက်စက်စွာ သတ်ဖြတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေက ကမ္ဘာပတ်ပြီး အလှူခံ၊ ပြည်ပြေး ဝရမ်းပြေးတွေ အလှူခံလို့ရဖို့ ပြည်တွင်းက နီပိန်း ပဒက်တွေက အဖျက်အမှောင့်လုပ်ငန်းမျိုးစုံ လုပ်ပေးပြီး လုပ်ကွက်ပြရတယ်။
၅နှစ်တာ ကာလအတွင်း CRPH, NUG, PDF က ဆောင်ရွက်ပေးလို့ ကောင်းကျိုးရခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ် မရှိသလောက်ပါပဲ။ စာသင်နေတဲ့ စာသင်ကျောင်းပေါ်ကို ဒရုန်းနဲ့ ဗုံးပစ်ချ၊ ဘုန်းတော်ကြီးကျောင်းတွေကို မီးရှို့ဖျက်ဆီး၊ စာသင်ကျောင်း/ ဘုန်းကြီးကျောင်းတွေကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုပြီး တိုက်ခိုက်မှုတွေလုပ်၊ လမ်းတံတားတွေကို ဖျက်ဆီး၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ဖမ်းဆီးငွေညှစ်နေတဲ့ လုပ်ရပ်တွေဟာ ဘယ်မှာလာပြီး အများပြည်သူကို ကောင်းကျိုးပြုတဲ့ လုပ်ငန်းတွေ ဖြစ်နိုင်ပါတော့မလဲ။
အခုဆိုရင် ရွေးကောက်ပွဲကြီးလည်း ကျင်းပပြီးမြောက်သွားခဲ့ပြီ။ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေလည်း ထွက်ပေါ်လာခဲ့ပြီ။ ပြည်ပြေး ဝရမ်းပြေးတွေကတော့ အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျကနေ သူတို့ကို သူတို့ အစိုးရပါလို့ အာချောင်လို့ကောင်းနေကြဆဲပဲ။
ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်တွေအနေနဲ့က မိမိတို့အပေါ် ထောက်ခံအားပေးခြင်းမရှိတဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်ယုတ်မာရိုင်းစိုင်းတာကို ထားတော့။ သူတို့ကို ထောက်ခံအားပေးပြီး သူတို့အလိုကျ PDF အဖွဲ့တွေဖွဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ လူငယ်လူရွယ်တွေကိုတော့ ငဲ့ညှာဖို့ သင့်တယ်။ နီပိန်း လူငယ်တွေကို KNU, KIA, MNDAA, AA, TNLA အစရှိသော တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူတွေ လက်ထဲ ထိုးအပ်ပြီး အသုံးချခံဘဝတွေ၊ စတေးခံဘဝတွေအဖြစ်နဲ့ ဘဝနိဂုံးအဆုံးမလှ ဖြစ်ခဲ့ရတဲ့ လူငယ်လူရွယ်တွေအပေါ်မှာ စာနာရကောင်းမှန်း မသိဘူးဆိုရင် ပြည်ပြေး ဝရမ်းပြေး CRPH, NUG အဖွဲ့ဝင်တွေမှာ လူစိတ်မှ ရှိသေးရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
PDF အဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ သောင်းကျန်းသူအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အပြစ်မဲ့ ရဟန်းရှင်လူ ထောင်ပေါင်းများစွာကို သတ်ခဲ့သလို တိုက်ပွဲတွေ ဖော်ဆောင်ရင်းက သေချင်းမလှ သေခဲ့ရတဲ့ နီပိန်း လူငယ်လူရွယ်တွေလည်း များစွာ ရှိပါတယ်။ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များသည် သူတို့တွေရဲ့ ဆွေမျိုးသားချင်း၊ မိသားစုဝင်များကိုတော့ မှဲ့တစ်ပေါက်တောင် အစွန်းမခံဘဲ ပြည်ပကို ရနိုင်သမျှ အလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်လူရွယ်တွေကိုတော့ သူတို့ရဲ့ လက်ပါးစေ အကြမ်းဖက်သမားများအဖြစ် သေပွဲဝင်ခိုင်းနေတာ တရားနည်းလမ်းကျတဲ့ လုပ်ရပ်တွေလား။ နီပိန်း လူငယ်တွေရဲ့ မိဘများလည်း စဉ်းစားဆင်ခြင်နိုင်စေဖို့ပါ။
CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များသည် လူစိတ်ရှိတယ်၊ လူငယ်လူရွယ်များအပေါ် သနားညှာတာ စာနာစိတ်ထားတယ်ဆိုရင် PDF အဖွဲ့တွေကို KNU, KIA တို့နဲ့ လမ်းခွဲပြီး သီးခြားရပ်တည်လှုပ်ရှားဖို့၊ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းနဲ့ ပြန်လည်ကြိုးစားဆောင်ရွက်ကြဖို့ မှန်ကန်တဲ့ လမ်းညွှန်မှုပေးရမှာ ဖြစ်ပါတယ်။ KNU, KIA လက်အောက်မှာ PDF လူငယ်တွေကို ထားခြင်းကြောင့် လူငယ်တွေမှာ မူးယစ်ဆေးဝါးရဲ့ သားကောင်၊ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်အဖြစ်နဲ့ KNU, KIA တို့ရဲ့ အသုံးချခံဘဝ၊ အသေခံတပ်သားဘဝနဲ့ နိဂုံးချုပ်ကြရမှာပဲ ဖြစ်ပါတယ်။
KNU အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေဟာ သူတို့တပ်ဖွဲ့ဝင်တွေအပေါ်မှာ ဘယ်လောက်အထိ ယုတ်မာသလဲ ဆိုတာကို တပ်မှူးတစ်ယောက်ရဲ့ ပြောပြချက်အရ သိရတယ်။ ကရင်ပြည်နယ်မှာ ဖြစ်တဲ့ တိုက်ပွဲတစ်ခုမှာ တပ်မတော် က KNU အကြမ်းဖက်စခန်းကို တက်ပြီး နှိမ်နင်းတဲ့အခါ ပစ်ကျင်းထဲကနေ တလစပ်ပစ်တယ်။ အဲဒီ ပစ်ကျင်းဘေးကို ဝိုင်းပြီး တက်လိုက်ကြတော့ ပစ်ကျင်းတဲ့ကောင်တွေဟာ သံကြိုးတွေနဲ့ တုတ်နှောင်ခြင်းခံထားရတာကို တွေ့ရတယ်။ သေနတ်တွေ ရှေ့ချပေးထားပြီး သူတို့ကို တလစပ်ပစ်ခိုင်းခဲ့တယ်။ ခေါင်းဆောင်တွေကတော့ ပြေးပြီ။ အဲဒီကောင်တွေဟာ မူးယစ်ဆေးတွေ သုံးစွဲထားပြီး အသိဉာဏ်ပျောက်ဆုံးနေတဲ့ အခြေအနေမျိုး မြင်တွေ့ခဲ့ရတဲ့အခြေအနေကို ပြန်လည် ပြောပြဖူးပါတယ်။
ဒါက KNU အကြမ်းဖက်အဖွဲ့အနေနဲ့ သူတို့လူမျိုးအချင်းချင်းတောင် သနားညှာတာမှု ကင်းမဲ့စွာ လုပ်တယ်ဆိုရင် PDF လို ဟာမျိုးတွေကိုတော့ စာရင်းထဲတောင် ရှိမှာ မဟုတ်ပါဘူး။ မြဝတီမြို့အနီး ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ ပဒက်မသာအလောင်းတွေကို ကျီးထိုးထိုး ခွေးစားစား ပစ်ထားခဲ့ကြတဲ့ မြင်ကွင်းတွေက လက်ရှိကလာ မျက်မြင်ဒိဋ္ဌ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေပါ။ လူငယ်လူရွယ်တွေ ဘာကြောင့် ဒီလိုဖြစ်ရသလဲ ဆိုတာကို အဖြေရှာကြည့်ရင် ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ မျှော်လင့်ချက်အမှားတွေကို ယုံစားမိလို့ အတိဒုက္ခရောက်ခဲ့ကြရတာ ဖြစ်ပါတယ်။
ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဆိုသူများအနေနဲ့ လူစိတ်သာ ရှိခဲ့မယ်ဆိုရင် နီပိန်း လူငယ်လူရွယ်တွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို စနစ်တကျ ဖြေရှင်းဆောင်ရွက်ကြရမယ်။ မိုက်ရူးရဲဆန်ဆန် သေပွဲဝင်ခိုင်းတာမျိုး၊ သေတွင်းထဲ တွန်းပို့တားမျိုးတွေ ဆက်လက်မလုပ်ဆောင်သင့်တော့ပါဘူး။
တချို့သော လူငယ်လူရွယ်တွေ PDF အဖွဲ့ထဲမှာ အချင်းချင်း နှိပ်စက်ကလူပြုမှုဒဏ်တွေကို မခံမရပ်နိုင်တော့လို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတာတွေ ရှိပါတယ်။ နိုင်ငံတော်အစိုးရကလည်း ထုတ်ပြန်ကြေညာထားသည့်အတိုင်း လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို သတ်မှတ်ထားတဲ့ လက်နက်ခဲယမ်းတန်ဖိုးများ ဆုချီးမြှင့်ပေးပြီး ကောင်းမွန်စွာ နေထိုင်ဖို့ ပြောဆိုဆုံးမကာ လက်ခံပေးနေတာကို မြင်တွေ့ရပါတယ်။ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်များအနေနဲ့က ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာလိုခြင်း မရှီတော့ဘူး။ လူစိတ်မွေးပြီး လူလိုတွေးမယ်ဆိုရင် ပြည်သူလူထုအပေါ် အကြောက်တရားနဲ့ စိုးမိုးခြယ်လှယ်လိုခြင်းဟာ မအောင်မြင်သော အကြမ်းဖက်လှုပ်ရှားမှုအဖြစ် မှန်ကန်စွာ သုံးသပ်နိုင်စွမ်း ရှိရပါမယ်။ တပ်မတော်ကို အကြမ်းဖက်စစ်တပ်၊ ဖက်ဆစ်စစ်တပ် စသည်အားဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပြည်သူလူထုနဲ့ တပ်မတော်ကို သွေးခွဲနေတဲ့ အဖွဲ့အစည်းများ ဖြစ်တဲ့ ပြည်ပြေး ဝရမ်းပြေး CRPH, NUG တို့က မိမိတို့ကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်တွေ၊ ဖက်ဆစ်ကဲ့သို့ပင် ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ ပြည်သူလူထုအပေါ် ကျူးလွန်နေတာ ရွံစရာ မကောင်းပေးဘူးလား။
ဒါကြောင့် ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်များအနေနဲ့ မိမိတို့ကိုယ်တိုင် ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီး မိမိတို့ဘဝတွေကို သာယာစိုပြည်ကောင်းမွန်အောင် တည်ဆောက်နေကြသလို ပြည်တွင်းမှာ ရှိနေတဲ့ မိမိတို့ကို ထောက်ခံအားပေးတဲ့ လူငယ်လူရွယ်များလည်း အတိဒုက္ခတွေ ထပ်မံမကြုံတွေ့ရလေအောင် KNU, KIA ကဲ့သို့သော လက်နက်ကိုင် သောင်းကျန်းသူများနဲ့ လမ်းခွဲပြီး PDF အဖွဲ့ဝင်များ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ဖို့ တရားဝင်ကြေညာပြီး နိုင်ငံရေးကို အကြမ်းမဖက်လမ်းစဉ်ဖြင့်သာ ဆောင်ရွက်ကြရန် လမ်းညွှန်ဆုံးမ သွန်သင်ရခြင်းဖြစ်ပါကြောင်း - ။ ။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment